ပင့်ကူတို့၏ အံ့သြဖွယ်ရာကမ္ဘာ

  • 5 years ago
လူအများစုအတွက် ပင့်ကူများသည် ကြောက်စရာကောင်းလှပါသည်။ သို့သော် ဤစိတ်ဝင်စားဖွယ် ကောင်းသော သတ္တဝါများသည် မယုံကြည်နိုင်လောက်အောင် ထူးခြားသည့် စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်။ သိပ္ပံပညာရှင်များအတွက် ပင့်ကူတို့၏ ကမ္ဘာသည် သုတေသနဆိုင်ရာအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသော နယ်ပယ်တစ်ခု ဖြစ်သည်။ ခန်မှန်းခြေအရ ပင့်ကူမျိုးစိတ်ပေါင်း (၁၀၀၀၀၀) ရှိသည့်အနက် (၄၇၀၀၀) ခန့်သာ ယနေ့ချိန်ထိ ဖော်ပြထားနိုင်သည်။ ဆင့်ကဲဖြစ်စဉ်ကာလတစ်လျှောက် ပင့်ကူများသည် ကမ္ဘာအနှံ့အပြားသို့ ပျံ့နှံ့သွားသည်။ ၎င်းတို့သည် တောင်တန်းများတွင် လည်းကောင်း၊ အပူပိုင်းဒေသတွင် လည်းကောင်း၊ အစွန်အဖျားကျသော ကျွန်းများတွင် လည်းကောင်း သို့မဟုတ် လူနေအိမ်များတွင် လည်းကောင်း နေထိုင်အသက်ရှင်ကြသည်။

ထိုကဲ့သို့သော ဖြစ်စဉ်အား လိုက်လျော်ညီထွေမှုရှိခြင်း နှင့် အထူးလေ့ကျင့်ခြင်းဖြင့် အောင်မြင်နိုင်ခဲ့သည်။ ထိုဖြစ်စဉ်အတွင်း အသုံးဝင်သော ပစ္စည်းများအနက် ပင့်ကူပိုးမျှင်သည် အသုံးဝင်ဆုံးသော အရာဖြစ်သည်။ ထိုပင့်ကူပိုးဖြင့် ပြုလုပ်သော ပင့်ကူမျှင်သည် သံမဏိထက် သန်မာပြီး နိုင်လွန်ထက် သာ၍ ခံနိုင်ရည် ရှိသည်။ ထိုပင့်ကူမျှင်မှတစ်ဆင့် သားကောင်အား ဖမ်းယူနိုင်သည့် ပိုက်ကွန်အား တည်ဆောက်နိုင်သည်။ အချို့သော ပင့်ကူများသည် အခြားအံ့သြဖွယ်ကောင်းသော စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်။ ဥပမာ အားဖြင့် jumping spiders ဟုခေါ်သော ခုန်ပေါက်နိုင်စွမ်းသော ပင့်ကူများသည် အလွန်ကောင်းမွန်သော အမြင်အာရုံအား ပိုင်ဆိုင်ထားပြီး ၎င်းတို့၏ အရွယ်အစားနှင့် မလိုက်ဖက်ပဲ အလွန်ကွာဝေးသည့် နေရာသို့ ခုန်ပေါက်နိုင်စွမ်းရှိသည်။ Trapdoor spiders ဟုခေါ်သော အံ့ဝှက်တံခါးပုံသဏ္ဍာန်ရှိ ပင့်ကူများသည် မြေကြီးထဲတွင် နေထိုင်ပြီး ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ရာတွင် အလွန်ကျွမ်းကျင်သော ပင့်ကူများဖြစ်သည်။ အချို့သော မျိုးစိတ်များသည် ပိုမိုကြီးမားသော သားကောင်များအား အလွယ်တကူစားသုံးနိုင်ရန်အတွက် သားကောင်များဖမ်းယူချိန်တွင် ၎င်းတို့၏အဆိပ်အားအသုံးပြုတတ် ကြသည်။


https://memr.moe.edu.mm/video/the-quest-for-knowledge-the-amazing-world-of-spiders/

Category

📚
Learning

Recommended