လမ်းမကြီးများထက်မှ အဆင့်မြင့်နည်းပညာထရပ်ကားများ

  • 4 years ago
ဂျာမနီနိုင်ငံအရှေ့ပိုင်းနှင့်အနောက်ပိုင်းကိုဆက်သွယ်ပေးသော အဓိကအ၀ေးပြေးလမ်းမကြီးသည် ဂျာမနီနိုင်ငံမြောက်ဘက်တွင်တည်ရှိပြီး အဆိုပါလမ်းမကြီးပေါ်တွင်နေ့စဥ် ကုန်တင်ယာဥ်ကြီးများ ထောင်သောင်းချီသွားလာနေကြပါသည်။ ယာဥ်လမ်းကြောင်းပိတ်ဆို့မှုကို ရှောင်ရှားနိုင်ရန် နှင့် လုံခြုံစွာမောင်းနှင်နိုင်ရန် ကုန်တင်ယာဥ်ထုတ်လုပ်သည့်ကုမ္ပဏီများ၊ ယာဥ်လမ်းကြောင်းတာ၀န်ရှိသူများ နှင့် ပို့ဆောင်ရေးကုမ္ပဏီများသည် သူတို့တတ်နိုင်သမျှလုပ်ဆောင်လျက်ရှိသည်။ ၄င်းသည် ပို့ဆောင်ရေးကုမ္ပဏီများ နှင့် နည်းပညာကြားတွင် ရှုပ်ထွေးသော အပြန်အလှန်အားပြိုင်မှု တစ်ခုကို ဖြစ်စေပါသည်။ ကာစတန် ၀န့်ထ် သည် ခေတ်မီပြီး အကောင်းဆုံးသော ကုန်တင်ကားတစ်စီးကို မောင်းနှင်ပါသည်။ တန်လေးဆယ်တင်ဆောင်နိုင်သော အဆိုပါယာဥ်သည် အရေးပေါ် ဘရိတ်အုပ်နိုင်သော အကူကိရိယာ၊ အကွာအ၀ေးထိန်းချုပ်နိုင်ခြင်း နှင့် လမ်းကြောင်းပေါ်တွင်ရှိနေနိုင်ရန် ကူညီပေးနိုင်သော အကူနည်းပညာကိရိယာများပါ၀င်ပါသည်။ ထိုကုန်ကားကြီးတွင်လည်း အဆင့်မြင့် နည်းပညာကိုလည်း ထည့်သွင်းထုတ်လုပ်ထားပါသည်။ ကတ္တရာလမ်းတွင်ပါ၀င်သော အာရုံခံကိရိယာများသည်လည်း ဖြတ်သန်းသွားသော ယာဥ်တစ်စီးချင်းစီတိုင်းကို ရေတွက်နိုင်သည်။ အ၀ေးပြေးလမ်းမပေါ်တွင် အိမ်စီးကားများနှင့်ကုန်ကားများ များပြားလာပါက ယာဥ်သွားလာမှု အချက်အလက်နှင့် လမ်းညွှန်မှုအချက်ပြဆိုင်းဘုတ်များမှတစ်ဆင့် ယာဥ်များ၏ အရှိန်ကို ထိန်းချုပ်နိုင်ပါသည်။ ယာဥ်လမ်းကြောင်းထိန်းချုပ်ရေးစင်တာများရှိ ဖန်သားပြင်များတွင်လည်း အချိန်နှင့် တစ်ပြေးညီ သွားလာနေမှုများကို ပြသလျှက်ရှိပါသည်။ ထိုမှတစ်ဆင့် ယာဥ်ကြောပိတ်ဆို့မှု စီမံခန့်ခွဲသူသည် စက္ကန့်ပိုင်းအတွင်း ရေဒီယိုနှင့်လမ်းကြောင်းပြစနစ်များမှတစ်ဆင့် ဘေးကင်းစိတ်ချရသော ယာဥ်လမ်းကြောင်းအချက်အလက်များကို ထုတ်ပြန်ပေးပါသည်။ စွန့်ဦးတီထွင်သူ ဂျော့ချ်မီနဲသည် သူ၏ကုမ္ပဏီရှိ ဖန်သားပြင်များမှတစ်ဆင့် ယာဥ်မောင်းများကို စောင့်ကြည့်လေ့လာလျှက်ရှိပါသည်။ အကယ်၍ ယာဥ်မောင်းတစ်ဦးသည် ယာဥ်ကြောတစ်နေရာရာတွင် ပိတ်မိနေခဲ့ပါက ပစ္စည်းများကို အချိန်မှီ ပို့ဆောင်နိုင်တော့မည်မဟုတ်ဘဲ၊ ပို့ဆောင်ရေးကုမ္ပဏီများအတွက်မူ အချိန်မှီပို့ဆောင်နိုင်ရေးသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ခရီးလမ်းကြောင်းများကို ဂြိုလ်တုမှတစ်ဆင့် စောင့်ကြည့်လျက်ရှိသည်။ လိုအပ်ချက်များနှင့်အညီ ကုန်တင်ကားကြီးများကို ပြင်ဆင်ထုတ်လုပ်နိုင်ရန်အလို့ငှါ Braunschweig Technical University မှ သုတေသနပြုလုပ်သူများသည် ကိုင်တိုင်စောင့်ကြည့်လေ့နိုင်သော စနစ်ပါ၀င်မည့် Leonie အမည်ပေးထားသော ကုန်တင်ကားတစ်စီးကို စမ်းသပ်သုတေသနပြုလုပ်လျှက်ရှိသည်။

https://memr.moe.edu.mm/video/high-tech-trucks-on-the-autobahn/

Category

📚
Learning

Recommended