အဆိပ်သင့်နေသော တိရိစ္ဆာန်များ

  • 5 years ago
ကမ္ဘာပေါ်ရှိ နေရာအတော်များများတွင် အရက်သေစာ ကို အလွယ်တကူရနိုင်ပြီး ပမာဏ အတော်များ များသောက်သုံးနေကြပါသည်။ အခြား မည်သည့် အဆိပ် မှ ထိုလောက် မပြန့်နှံနေပါ။ သို့သော် ထို ယစ်မူးစေသော အရာကို လူသားများသာ မှီဝဲ နေကြခြင်း မဟုတ်ပေ။ ငှက်များ၊ ပိုးကောင်အင်းဆက် လေးများ၊ တွားသွားသတ္တဝါများ နှင့် နို့တိုက် သတ္တဝါများသည်လည်း မှီဝဲကြပါသည်။ အချဉ်ဖောက် ပြီး ဖြစ်နေသဖြင့် အရက် ပါဝင်နေသည့် သစ်သီးများ၊ ပန်းဝတ်ရည်များ၊ ပျားရည်များ သို့မဟုတ် အပင်မှ ထွက်သည့် အရည်များကို သူတို့လည်း သောက်သုံးကြပါသည်။ မွေးကတည်းက မည်သည့် သတ္တဝါမှ အရက်ကို ကြိုက်နှစ်သက်ပြီး မွေးဖွား လာကြသည်တော့ မဟုတ်ပါ။ သို့သော် သကြားဓာတ်ပါဝင်သည့် စားစရာများ နှင့် ပေါင်းလိုက်သည့် အခါ အချိန် အတိုင်းအတာတစ်ခု ရောက်လျှင် အလိုလို အစာခြေပြီးဖြစ်သွားပါသည်။ အထူး သဖြင့် အင်းဆက်များသည် လေ ထု ထဲတွင် ရှိနေသည့် အရက်အငွေ့များကို အင်မတန် သိလွယ် ခံစားလွယ်ပါသည်။ ထိုကြောင့် ဝတ်ရည် ပြည့်နေ သည့် သစ်သီးများ သို့မဟုတ် ပန်းပွင့်များကဲ့သို့ အချိုဓာတ် ရှိနေသည့် စားစရာရှိရာနေရာများထံသို့ သူတို့ ကို အရောက်သွားစေပါသည်။ ထိုကြောင့် အရက် သည် အပင် မျိုးစေ့ နှင့် ဝတ်မှုန်ကူးသည့် ဖြစ်စဉ် တွင် အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဒီ သတ္တဝါတွေ က ကော အရက်ပါသည့် အရာတွေကို စားသုံးပြီး ရင် ယစ် မူးကြသလား။ သူတို့ ရဲ့ ခန္ဓာကိုယ် ဖွဲ့ စည်းပုံ အရက်ကို တုံ့ပြန်ပုံ အမျိုးမျိုး ဖြစ်နိုင်သလား၊ အရက် ကို စွဲလမ်းတာကော ဖြစ်တတ်သလား။ ဇီဝဗေဒ ပညာရှင်များ နှင့် အာရုံကြောဆိုင်ရှာ သိပ္ပံပညာရှင်များ က အဆိုပါ ဖြစ်စဉ်ကို လေ့လာနေကြပါသည်။ တိရစ္ဆာန် ကမ္ဘာ မှ ဖြစ်စဉ်များကို လေ့လာခြင်းဖြင့် လူသားများတွင် ဖြစ်နေသည့် အရက်စွဲရခြင်း အကြောင်းအရင်းများ ကို ကောက်ချက်ဆွဲရန် ကူညီပေးနိုင်သလို အနာဂတ် တွင် ထိုသို့ မဖြစ်အောင် မည်သို့ တွန်းလှန်သွား နိုင်မလဲဆိုသည့် သဲလွန်စများ ရလာစေရန် ကူညီပေးနိုင်ပါသည်။

https://memr.moe.edu.mm/video/the-quest-for-knowledge-intoxicated-animals/

Category

📚
Learning

Recommended