လယ်ယာမြေဥပဒေပြင်ဆင်ရေးနဲ့ တိုင်းရင်းသားမြေယာအခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

  • 7 years ago
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပြင်ဆင်ရေးနဲ့ တိုင်းရင်းသားမြေယာ အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီးမြို့ ရှမ်းစာပေ ယဉ်ကျေးမှု အသင်းခန်းမ မှာ ဒီကနေ့ စက်တင်ဘာလ ၂ ရက်က နေ စကာ သုံးရက် ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲဒီအလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ် စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ၀န်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနဲ့ လူငယ်ရေးရာ ကော်မတီ ဥက္ကဌ ဦးသန်းထိုက်၊ ပြည်သူ့လွှတ်တော် စိုက်ပျိုး၊မွေးမြူ ရေးနဲ့ ကျေးလက် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ၊ ပြည်သူ့လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားရေးရာ ကော်မတီ ဥက္ကဌ တို့လည်း တက်ရောက်အကြံပြု ဆွေးနွေးခဲ့ပါတယ်။

သုံးရက်တာ ကျင်းပမယ့် အလုပ်ရုံဆွေးနွေးပွဲကနေရရှိလာတဲ့ အချက်တွေကို ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေပြင်ဆင်ရေး အတွက် သက်ဆိုင်ရာ အစိုးရဌာန အဆင့်ဆင့် ကို တင်ပြပေးသွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေ ဆိုပါတယ်။

ရုပ်သံသတင်းထောက် - ဂျွန်ချစ်ငြိမ်း

Category

🗞
News

Recommended