• 7 years ago
ဧရာဝတီ ၊ သြဂုတ် ၁၇ ၊ ၂၀၁၈

ဝါခေါင်လဆန်း ရောက်ပြီဆိုလျှင် အထက်မြန်မာပြည် တကျောတွင် နတ်ပွဲများစတင်ကျင်းပကြသလို နတ်ပွဲများ၏ အစပွဲဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး စစ်ကို်င်းမြို့နယ် မင်းကွန်းဒေသရှိ ကျွန်းပင်မောင်နှမ နတ်ပွဲသည် အစည်ကားဆုံး နတ်ပွဲတစ်ခုဖြစ်သည်။

ရွှေကျွန်းပင်နတ်ပွဲသို့ ကုန်းလမ်းနှင့်တစ်သွယ် ရေလမ်းနှင့်တစ်မျိုး လာရောက်လည်ပတ် ကြကာ ပန်းတော်ဆက်သကြသူများနှင့် အထူးစည်ကားလှသည်။

ရွှေကျွန်းပင်မောင်နှမ နတ်ပွဲကို ဝါခေါင်လဆန်း ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိပြီး ယနေ့ သြဂုတ်လ ၁၆ ရက်နေ့သည် ပွဲတော်၏ ပဉ္စမမြောက်နေ့ ဥယျာဉ်တော်လှည့်သောနေ့ဖြစ်ကာ လာရောက်လည်ပတ်ကြသူများ ကိုးကွယ်ယုံကြည်သူများနှင့် စည်ကားလျက်ရှိသည်။

ရိုက်ကူး- ဇော်ဇော်

Category

🗞
News

Recommended