Skip to playerSkip to main contentSkip to footer
  • 12/9/2016
အဆိုတော်ကဗျာဘွဲ့မှူးက ငွေကြေးချေးယူပြီး ပြန်လည်မဆပ်ဘူးဆိုပြီး ငွေကြေးချေးပေး ထားတဲ့ ဂီတအနုပညာရှင်များက သတင်းစာရှင်းလင်းပွဲကို ယခုနှစ်လလယ်ပိုင်းလောက် က ပြုလုပ်ခဲ့ပါတယ်။ ငွေကြေးချေးပေးထားတဲ့ ဂီတအနုပညာရှင်များအနေနဲ့ ယနေ့တိုင် ငွေကြေးပြန်လည် ရရှိခြင်း မရှိသည့်အပြင့် ကဗျာဘွဲ့မှူးက သွားရောက်အဖမ်းခံပြီး ငွေ ကြေးများ ပြန်လည်ရရှိပြီဆိုတဲ့ ကောလာဟလသတင်းများထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို ကောလာဟလထွက်ပေါ်လာတဲ့အတွက် ငွေကြေးများ ပြန်လည်မရရှိသေးကြောင်းနဲ့ ကဗျာဘွဲ့မှူးအမှုကို စတင်ကိုယ်တွယ်ပြီး စစ်ဆေးနေပြီ ဖြစ်ကြောင်းကို ငွေကြေးလိမ်လည် ခံရတဲ့ အဆိုရှင်များက ဒုတိယအကြိမ်မြောက်ရှင်းလင်းတဲ့ စာနယ်ဇင်းပွဲကို ယနေ့နေ့ လယ်ပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ ဂီတအစည်းအရုံးအဆောက်အဦးမှာ ပြုလုပ်ခဲ့ပါတယ်။

Category

🗞
News

Recommended