Skip to playerSkip to main contentSkip to footer
  • 10/22/2018
ဝါးကိုအခြေခံပြီး လက်မှုအတတ်ပညာတွေနဲ့ဖန်တီးထားတဲ့ ရိုးရာလက်တွန်း မီးပုံးတွေကို သီတင်းကျွတ်ကာလရောက်တာနဲ့ တွေ့မြင်နိုင်မှာပါ။ ဈေးနှုန်းသက်သာတဲ့ တရုတ်မီးပုံးတွေ မြန်မာပြည်ဈေးကွက်ထဲကို ဝင်ရောက်လာတဲ့အခါမှာတော့ ရိုးရာလက်မှုမီးပုံးတွေကို ဝယ်ယူသူ နည်းလာခဲ့ပြီး ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းရှင်တွေလည်း တနှစ်ထက်တနှစ် ပျောက်ကွယ်ကုန်ပါတယ်။

ရိုးရာလက်တွန်း မီးပုံးရဲ့ဈေးနှုန်းတွေက ငွေကျပ် ၁၀၀၀ကနေ ၁၂၀၀အထိ ရှိပါတယ်။ တရုတ်မီးပုံးတွေနဲ့ ယှဉ်ရင်တော့ ရိုးရာလက်တွန်းမီးပုံးတွေဟာ ဈေးနည်းနည်းများပေမယ့် လက်မှုပညာကို တန်ဖိုးထားဝယ်ယူပေးကြပါလို့ ရိုးရာလက်တွန်းမီးပုံး လုပ်ငန်းရှင်တွေက ပြောပါတယ်။

Category

🗞
News

Recommended