• 4 years ago
‘ဥရောပရှိ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းများသည် ဖျားနာသူများအား ကုသပေးခြင်း၊ ထိရောက်မှု မြင့်မား သော ဆေးဝါးများအား သုတေသနပြုလုပ်ခြင်းနှင့် ထုတ်လုပ်ခြင်းများကို နှစ်ပေါင်း ၁၅၀၀ ကြာ ပြုလုပ်ခဲ့ ကြသည်’ ဟု ဂျာမန် ဆေးဘက်ဆိုင်ရာ သမိုင်းပညာရှင် ယိုဟားနပ်စ် မိုင်ယာ (Johannes Mayer) က ဆိုသည်။ ၎င်းသည် ၁၉၉၀ ခုနှစ် အစောပိုင်းကတည်းက ရှေးခေတ် ဆေးပညာ အညွှန်းများကို စာကြည့်တိုက် များ၌ ရှာဖွေနေခဲ့သည်။ ထို့နောက် ၎င်းသည် အဆိုပါဆေးဝါးများကို ပြန်လည်ထုတ်လုပ်ခြင်းနှင့် အစွမ်းထက် မှုကို စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းသည် အောင်မြင်မှု ရရှိခဲ့သည်။ ရိုးရာဓလေ့ ဆေးဝါးများအား အသိ အမှတ်ပြု တန်ဖိုးထားသော ဆရာဝန်များ ပိုမိုများပြားလာသည်။ ဆေးရုံများတွင် ဥရောပ၏ ရိုးရာဓလေ့ ဆေးဝါးနှင့် ပတ်သက်သည့် ဌာနများအား ဖွင့်လှစ်လာခဲ့ကြသည်။ နာတာရှည် ဖျားနာမှုများဖြစ်သည့် ပန်းနာ ရင်ကြပ်၊ ဒူလာနှင့် နှင်းခူနာများအား ကုသရာတွင် ရှေးခေတ် ကုသမှု နည်းလမ်းများမှာ သမားရိုးကျကုသမှု ဆေးဝါးများထက် ပို၍ အောင်မြင်ကြောင်းတွေ့ရသည်။ သို့ရာတွင် စီးပွားရေးကို ဦးတည်သော ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ သမားရိုးကျဆေးဝါးများကိုသာ အားထားလျက်ရှိခြင်းကြောင့် အပင်များကို အခြေခံသော ဆေးဝါးများဖြင့် ကုသမှုမှာ ကန့်လန့်ကာနောက်တွင်သာ ရပ်တည်လျက် ရှိနေသည်။

https://memr.moe.edu.mm/video/medieval-medicine-secrets-from-the-monastery/

Category

📚
Learning

Recommended