လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဘယ်ဘက်လက်ကို ဖြတ်တောက်ထားသော်လည်း ဘယ်ဘက်လက်မှ နာကျင်မှူကို ခံစားနေရသည်၊ ခန္ဓာကိုယ်တစ်လျှောက်လုံး ထိုးကျင့်သော နာကျင်မှူကို အဆက်မပြတ် ခံစားနေရသောကြောင့် ဆရာဝန်များမှ မရေတွက်နိုင်သော စမ်းသပ်မှူများစွာ ပြုလုပ်သော်လည်း ဘာမျှ ရှာမတွေ့သေးပါ၊ အလွန်တင်းကျပ်သော နောက်ကျော နာကျင်မှူ မှလွဲ၍၊ ကြွက်သားများ၊ အရိုးများ နှင့် အတွင်းအင်္ဂါများ အားလုံးမှာ ကျန်းမာလျက် ရှိပါသည်၊ နာတာရှည် နာကျင်သော ဝေဒနာရှိသည့် လူဦးရေမှာ တိုးပွါးလျက်ရှိသည်။ ပြင်းထန်စွာ ခံစားနေရသော လူနာတော်တော်များများမှ မရေမတွက်နိုင်သော အဖြေမရှိသည့် ဆေးစစ်တမ်း များကြောင့် ဆေးပညာကို ယုံကြည်မှူ ကင်းမဲ့လာကြသည်။ နှစ်ပေါင်းများစွာ နယ်ပယ်စုံမှ သိပ္ဗံပညာရှင်များသည် ဤထူးဆန်းသော ဖြစ်ရပ်အတွက် ဖြေရှင်းချက်ကို ရှာဖွေနေလျက် ရှိပါသည်။ သူတို့သည် နည်းနည်းချင်းစီဖြင့် နာတာရှည် နာကျင်မှူမှာ နာကျင်မှူများ ပေးပို့ပုံ နှင့် လုပ်ဆောင်ပုံ များ၏ ရှူပ်ထွေးသော နည်းလမ်းများနှင့် ချိတ်ဆက်မှူ ရှိသည်ကို ရှာဖွေတွေ့ ရှိခဲ့သည်၊ ထိုအရာကို ဦးနှောက်တစ်ခုတည်းသာ သိသည် မဟုတ်ပါ။ အာရုံကြော ဖွဲ့စည်းမှူစနစ်၏ ကြီးမားသော အစိတ်အပိုင်းများလည်း သိသည်။ နာကျင်မှူ ဖြစ်ရပ်အတွက် ဒါဟာ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှူ ရှိသည်။ နာကျင်မှူကို တုံ့ပြန်လိုက်သည်နှင့် နဗ်ကြောဆဲလ်များသည် သေးငယ်သော နာကျင်လှုံဆော်မှူကို ပြင်းထန်စွာ တုံ့ပြန်နိုင်ပြီး၊ အကြိမ်တိုင်း ပြင်ထန်မှူ တိုးပွါးလာသည်။ အာရုံကြောဆိုင်ရာ သိပ္ဗံပညာရှင်များ၊ ဦးနှောက်နှင့် အာရုံကြော ပါရဂူများ၊ စိတ်ပညာရှင်များ၊ အရိုးကြော ကိုယ်တွယ်ပြုပြင် ကုသပေးသူများ နှင့် တရုတ်ရိုးရာ ဆေးပညာ ကိုယ်စားလှယ်များ အားလုံးတို့သည် နာကျင်မှူဆိုးသံသရာကို ကြိုးစား၍ အဆုံးသတ်နေကြသည်။
https://memr.moe.edu.mm/video/understanding-pain/
https://memr.moe.edu.mm/video/understanding-pain/
Category
📚
Learning