နည်းပညာသည် ပွင့်လင်းမှူကို ဖြစ်လာစေသည်။ အင်တာနက်သည် ကျွန်ုပ်တို့ ဘယ်မှာရှိသည်၊ ဘာကြိုက်သည်၊ ဘာဝယ်ချင်သည်ကို သိသည်။ ကမ္ဘာတစ်ဝှမ်းရှိ သိပ္ဗံပညာရှင်များသည် ကျွန်ုပ်တို့၏ခံစားချက်များကို နည်းပညာအရ ရှင်းလင်းစွာ သိမြင်နိုင်ရန် မျက်နှာအမူအယာများ၊ ဘာသာစကား နှင့် အမူအရာများကို အမြင်ကို အခြေခံ၍ တိုင်းတာနိုင်ရန် ကြိုးစားလျက်ရှိသည်။ ကင်မရာများနှင့် လျှပ်ခေါင်းများသည် အနည်းငယ်သော မျက်နှာလှူပ်ရှားမှူကိုပင်လျှင် မှတ်တမ်းတင်နိုင်ပြီး ခံစားချက်အဖြစ် သတ်မှတ်စေသည်။ ထိုကဲ့သို့ စိစစ်တွေ့ရှိချက် ရလဒ်များသည် များပြားသော အက်ပလီကေးရှင်းများကို ရှာဖွေတွေ့ရှိရန် ဖြစ်ပေါ်စေပါသည်။ တီထွင်သူများသည် ကိုယ်ပိုင်လေ့လာ အကဲဖြတ်ရန် နှင့် အဆင်ပြေစွာ အသုံးပြုတတ်ရန် အပ် (app) များကို ဖန်တီးလျက်ရှိသည်။ သင်အသုံးပြုနေသော ကိရိယာ (device) မှတဆင့် သင့်ကို ပုံမှန် ဆန်းစစ်ပေးနိုင်ပါသည်။ ဥပမာ - အဆင်မပြေမှူကို သတိပြုမိလျှင် အဆင်ပြေစေနိုင်သော အစီအစဉ်ကို အကြံပြုလိမ့်မည်။ စိတ်ခံစားချက်များကို တိုင်းတာခြင်းအားဖြင့် ကြော်ငြာလုပ်ငန်းသည် ဈေးကွက်မဟာဗျူဟာများကို ပို၍ထိရောက်အောင် လုပ်ဆောင်နေပါသည်။ ထို့ပြင် တီထွင်သူများသည် လူများကို အသားပေး တုံ့ပြန်နိုင်သည့် အဗေတာများ (ဗီဒီယိုဂိမ်းမှဇာတ်ရုပ်များ) နှင့် စက်ရုပ် (ရိုဘော့)များကို တီထွင်ထုတ်လုပ်လျက်ရှိသည်။ ရည်ရွယ်ချက်မှာ ကျောင်းတွင် လက်ထောက်အဖြစ်လည်းကောင်း၊ စိတ်ပညာကုထုံးပညာရှင် အဖြစ်လည်းကောင်း၊ နှင့် လူနာစောင့်များ အဖြစ်လည်းကောင်း အသုံးပြုရန်ဖြစ်သည်။ သို့သော် အလားအလာအသစ်များသည် ကျွန်ုပ်တို့နဲ့ မည်သို့လုပ်ဆောင်နိုင်မည်နည်း။ စိတ်ခံစားချက်ဆိုသည့် ဘာသာစကားကို အဓိပ္ဗါယ်ဖော်ထုတ်ခြင်းသည် ဘယ်လောက် အန္တရာယ်များနိုင်သနည်း။ အချက်အလက်များ (သို့) အလိုလိုသိစိတ် - မည်သည့်အရာကို အနာဂတ်တွင် ကျွန်ုပ်တို့ ယုံကြည်မည်နည်း။
https://memr.moe.edu.mm/video/the-quest-for-knowledge-measuring-emotion/
https://memr.moe.edu.mm/video/the-quest-for-knowledge-measuring-emotion/
Category
📚
Learning