အာတိတ်ဒေသသို့ လေ့လာရေးခရီး

  • 5 years ago
ဗေဂါဘွန်းသည် ဝင်ရိုးစွန်းဒေသတွင် လုပ်ငန်းများဆောင်ရွက်ရန်အတွက် အဆင်သင့်ပြင်ဆင်ထားသော သမုဒ္ဒယာခရီးသွားနိုင်သည့် ရွက်လှေဖြစ်သည်။ ပြင်သစ်ဇနီးမောင်နှံတို့မှ စီမံလျက်ရှိသော စက်တပ် ရေယာဉ်သည် အာတိတ်ဒေသရေပြင်သို့ စူးစမ်းလေ့လာမှုပြုလုပ်လိုသော သိပ္ပံပညာရှင်များအား သယ်ယူပို့ဆောင် ပေးနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။ ဗေဂါဘွန်းသည် ထိန်းချုပ်ရ လွယ်ကူပြီး ရေစူးတိမ်ခြင်းတို့ကြောင့် ရေခဲမျော ထူထပ်သောနေရာများနှင့် ရေတိမ်ပိုင်းများပြားသော ပင်လယ်ဒေသများတွင် အလွယ်တကူ ရွေ့ရှားနိုင်သဖြင့် ရာသီဥတုနှင့် ပင်လယ်ဒေသ သုတေသီဖြစ်သူ ယိုဟမ် ဟယ်လ်ဖါ (Jochen Halfar) မှအလွန်နှစ်သက် သဘောကျခြင်းဖြစ်သည်။ အနီရောင် ရေမှော် အထူးအမျိုးအစား များကို သုတေသနပြုသော သူ၏ဌာနများကို မြောက်ပိုင်းဒေသရှိ ရေခဲသော ရေပြင်များတွင် တွေ့ရသည်။ အဆိုပါ ရေမှော်များကို သမုဒ္ဒရာ ရေအနက် ၁၀ မှ ၁၅ မီတာအတွင်း တွေ့ရပြီး ထုံးကျောက် အဝိုင်းပုံစံအခြေရှိပြီး နှစ်စဉ် ကြီးထွားလျက်ရှိကာ နှစ်ရာပေါင်းများစွာ သက်တမ်း ရှိနေနိုင်သည်။ အဆိုပါ လက်စွပ်ပုံအဝိုင်းတစ်ခုစီ၏ အထူကို ကြည့်ခြင်းဖြင့် အဆိုပါ ရေမှော်မှာ ရေခဲသော ပင်လယ်ပြင်တွင် နှစ်မည်မျှကြာ ရှိနေပြီးကြောင်းကို သိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းရေမှော်သည် ပင်လယ်ရှိ ရေခဲအရေပျော်ချိန်နှင့် နေရောင်ခြည် ထိုးဖောက်လာမှသာ ကြီးထွားနိုင်သောကြောင့် ဖြစ်သည်။ ယိုဟမ် ဟယ်လ်ဖါ သည် ကြီးမာသောရည်ရွယ်ချက်ကို ဖော်ဆောင် လျက်ရှိသည်။ ဗေဂါဘွန်းမှ ဝန်ထမ်းများအကူအညီဖြင့် ဂရင်းလန်း (Greenland) နှင့် ကနေဒါ မြောက်ပိုင်း တို့မှ ၎င်းစုစည်းခဲ့သော ရေမှော်များကို အသုံးပြု၍ အာတိတ်ဒေသ၏ ရာစုချီကြာမြင့်သော ရာသီဥတုကို ပုံဖော်မှု ဖြစ်စဉ်တစ်ခုကို ပေါင်းစပ် ဖော်ထုတ်လိုခြင်းဖြစ်သည်။ ၎င်းအနေနှင့် အဆိုပါ ဖြစ်စဉ်မှတဆင့် ကမ္ဘာ့ရာသီဥတု ဖွံ့ဖြိုးမှု၏ အနာဂတ်အတွက် အရေးကြီးသော ကောက်ချက်များကို ရရှိနိုင်မည်ဟု မျှော်လင့်ထားသည်။

https://memr.moe.edu.mm/video/the-quest-for-knowledge-expedition-to-the-arctic/

Category

📚
Learning

Recommended