အင်းဆက်ပိုးများ - ဇီဝယန္တယားဆိုင်ရာ (Bionics) အကျော်အမော်များ

  • 5 years ago
ကျွန်ုပ်တို့သည် လက်ရှိအချိန်အထိ အင်းဆက်ပိုးမွှားအမျိုးပေါင်း တစ်သန်းလောက်ကို သိရှိထားပြီး ဖြစ်သည်။ ဆင့်ကဲဖြစ်စဉ် လမ်းကြောင်းတစ်လျှောက်တွင် ၎င်းတို့ ရှင်သန်နေထိုင်ရန်နှင့် မျိုးပွားနိုင်ရန် အတွက် မဟာဗျူဟာ များစွာကို တည်ဆောက်လာခဲ့ကြသည်။ ကမ္ဘာတဝှမ်းရှိ သုတေသီများသည် အင်းဆက်များအား လေ့လာခြင်းဖြင့် လူသားများ၏ လေးနက်သော ပြသနာများအတွက် အဖြေများ ရရှိနိုင်ရန် မျှော်လင့်ကြသည်။ အင်းဆက်များသည် ဇီဝယန္တယားဆိုင်ရာ အကျော်အမော်များ ဖြစ်လာစေရန် စွမ်းဆောင်နိုင်သော အရည်အသွေးများရှိသည်။ ဇီဝယန္တယားနယ်ပယ်တွင် သဘာဝဖြစ်စဉ်များကို နည်းပညာအဖြစ် ပြောင်းလဲနိုင်မှု ပါဝင်သည်။ ဥပမာအားဖြင့် ပုရွက်ဆိတ် အစုအဖွဲ့၏ အသိဉာဏ်သည် မီးပွိုင့်များအား အလိုအလျှောက် ထိန်းချုပ်သော စနစ်များဖန်တီးရန် အတွက် စိတ်ကူးဖြစ်ပေါ်စေနိုင်သည်။ ပိုးချည်ထုတ်သည့် ပိုးကောင်များ၏ ချည်မျှင်များသည် ကမ္ဘာ့ ပလတ်စတစ် အညစ်အကြေးပြသနာကို ဖြေရှင်းရန်အတွက် အကူအညီဖြစ်နိုင်ချေရှိသည်။ အာရှ လေဒီဘတ်ဒ် ပိုးတောင်မာများ၏ ကိုယ်ခံအားစနစ်သည် ဆေးမျိုးစုံဒဏ် ခံနိုင်ရည်ရှိနေသော ရောဂါပိုးများကို တိုက်ဖျက်ရန်အတွက် ဆေးဝါးအသစ်များ ဖော်ထုတ်ရန် အကူအညီဖြစ်စေနိုင်ကြောင်း မျှော်လင့်ချက် ကြီးကြီးမားမား တွေ့ရသည်။

https://memr.moe.edu.mm/video/the-quest-for-knowledge-insects-superstars-of-bionics/

Category

📚
Learning

Recommended