ပံ့ပိုးနိုင်မှုအားနည်းနေသည့် သွေး

  • 5 years ago
အသက်စောင့်ဆေးသည် ရှားပါးသည်။ ကမ္ဘာပေါ် ရှိဆေးရုံများတွင် မီလီယံချီ သွေးလီတာပေါင်းများစွာ ပေးလှူမှုနည်းပါးနေသည်။ အလားအလာရှိသော သွေးလှူဒါန်းသူများတွင်လည်း မသန့်ရှင်းသောသွေးအပါအ၀င် မကောင်းသတင်းများ မတိကျ မရရာပါ၀င်နေသည်။ တစ်ချိန်တည်းမှာပင် လူဦးရေအရ လူငယ်လူရွယ်များတွင် အရန်သင့် သွေးလှူဒါန်းမှု သွေးလိုအပ်မှုမှာမြင့်တက်လျက် ရှိသည်။ သုတေသီများနှင့် ဆရာ၀န်များသည် မတူညီသောနည်းလမ်းများဖြင့် ပြသာနာ၏အ‌ဖြေကိုရှာ‌ဖွေကြသည်။ ဆွစ်ဆေးခန်းရှိ သမားတော်များသည် ‘’လူနာသွေးကြီးကြပ်စီမံရေး’’ တိုင်းတာနည်းလမ်းဖြင့် သွေးသွင်းခြင်း အရေအတွက်ကို အောင်မြင်စွာ လျော့ချနိုင်စဥ်တွင် အခြားသော သုတေသီများဖြစ်ကြသော ဖရန့်ဇလ် (Franck Zal) တို့သည် လုံး၀မတူညီသော နည်းလမ်းသစ်ဖြင့် ချည်းကပ်ကြသည်။ပြင်သစ်ဇီ၀ဗေဒပညာရှင်များ၏ထင်မြင်ယူဆချက်ဖြစ်သော သဲပလုပ်ကောင် (Lugworms)မှ သွေးအစားထိုး ထုတ်လုပ်မှုသည် ကျော်ကြားသည်။ ထိုအချိန်ဗြိတိန်ရှိ ဘရစ်စတိုမြို့တွင်ရှိသော သိပ္ပံပညာရှင်များသည် ပင်စည်ဆဲလ်များမှ သွေးရယူကြသည်။ သို့သော်လည်း ပမာဏအနည်းငယ်သာရရှိသည်။ သွေးအစားထိုးလမ်းစဥ်မှာ ခဲရာခဲဆစ်ဖြစ်ကြောင်း သက်သေပြနေသည်။ သုတေသီများသည် အလားအလာရှိသော ဦးဆောင်မှု လုပ်ငန်းလမ်းဆုံးတိုင်အောင် တစ်စိုက်မတ်မတ် လိုက်ကြသည်။ စိတ်၀င်စားဖွယ်ကောင်းပြီး မျှော်လင့်ချက်ရှိသော ကုန်ပစ္စည်းများသည်လည်း ဘေးထွက်ဆိုးကျိုး‌များကြောင့် စျေးကွက်မှပြန်လည်ရုပ်သိမ်းရသည်။ ပြသာနာကို ချည်းကပ်မှု နည်းလမ်းမတူညီ ကွဲပြားကြသော်လည်း အကုန်လုံး၏ ရည်မှန်းချက်ပန်းတိုင်မှာ ပမာဏများများသွေးထုတ်လုပ်နိုင်မှု ပင်ဖြစ်သည်။ သွေးအစားထိုးကုသမှု၏ အလားအလာနှင့် ဘေးအန္တရာယ်မှာ ဘာတွေဖြစ်မည်နည်း။

https://memr.moe.edu.mm/video/the-quest-for-knowledge-blood-in-short-supply/

Category

📚
Learning

Recommended