ဘက်တီးရီးယား - ပင်လယ် ကြမ်း မျက်နှာပြင်ပေါ်က သက်ရှိများ

  • 5 years ago
ပင်လယ်ပြင် ၏ အောက်ဆုံး မျက်နှာပြင် ပေါ်မှာ တန်ဖိုးရှိသည့် အပင်များ နှင့် သတ္တဝါများ နေထိုင်ကြ ပါသည်။ ပင်လယ်အောက် မျက်နှာပြင် သည် ကမ္ဘာ့ မြေကြီး ၏ ၆၀% ကိုဖုံးလွှမ်းထားပါသည်။ ၁၉၇၀ ပြည့်နှစ်လွန် ကာလများ တွင် သိပ္ပံပညာရှင်များသည် သဘာဝအရ လေပူ၊ ရေပူများ ထွက်နေသည့် ချော်တွင်းပေါက်များကို ရှာဖွေ တွေ့ရှိခဲ့ပါသည်။ ထို တွင်းပေါက်များမှ ထွက်လာသည့် အရည်ပူများသည် ကမ္ဘာကြီး ၏ အတွင်း မျက်နှာပြင်ထဲမှ အဆိပ် ဓာတ်များ ဖြင့် ပြည့်နှက်နေပါသည်။ သို့သော် ဒီလို တွင်းပေါက်များ အနီး အနား တွင် သက်ရှိများစွာ အသက်ရှင်သန်နေ နိုင်သည်ကိုတွေ့ရှိခဲ့ရသဖြင့် သိပ္ပံပညာရှင်များသည် အံ့သြမှင်တက်ခဲ့ရ ပါသည်။ ဒီလို ကြမ်းတမ်း သည့် ပတ်ဝန်းကျင် အခြေအနေမျိုးတွင် ပုဇွန်လေးများ နှင့် ယောက်သွား ကောင် မျိုး တချို့ သည် အသက်ရှင်နေ ထိုင်နေနိုင်ခြင်း သည် ဘက်တီးရီးယား များ နှင့် သဟဇီဝ မျှတစွာ ဆက် နွယ်နေနိုင် ၍ ဖြစ်မည် ဟု ပြင်သစ်မှ ပညာရှင်များက ယုံကြည် နေကြပါသည်။ ဘက်တီးရီးယား များ နှင့် ဒီ ရေအောက်သတ္တဝါလေးများ အကြား ဆက်နွယ်နေမှုကို လေ့ လာပါက ဆင့်ကဲ/ဆင့်ပွား ဖြစ်စဉ် နှင့် ဆိုင်သည့် ပြောင်းလဲမှုများကို လေ့လာနိုင်မည်ဟု ယုံကြည်နေကြပါသည်။ ထိုအပြင် ဒီ ရေပူ၊လေပူများ ထွက်နေသော တွင်းပေါက်များ အနီးအနား ရှိ ပတ်ဝန်းကျင် အခြေအနေ သည် ကမ္ဘာမြေ ကြီးပေါ်တွင် ဆင့်ကဲဖြစ်စဉ် စတင်ဖြစ်ပွားသည့် အချိန်ကာလ မှ အခြေအနေ နှင့် တူညီနိုင်သည် ဟု လည်း ယုံကြည်နေကြပါသည်။

https://memr.moe.edu.mm/video/bacteria-life-on-the-seabed/

Category

📚
Learning

Recommended