Myanmar E-Channel Media Resources

Myanmar E-Channel Media Resources

@myanmareducationchannel
19 followers
မြန်မာနိုင်ငံအနှံ့အပြားတွင် အဆင့်မြင့် ပညာရေးအစီအစဥ်များ ဖန်တီးခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲသောစီးပွားရေး နှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်သော နိုင်ငံအတွက် အချက်အချာကျသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပညာရေး ဝန်ကြီးဌာနကို မြန်မာ E-Channel သတင်းအရင်းအမြစ်များ စီမံကိန်းသည် ၎င်းတို့၏ဂတိအတိုင်း မီဒီယာအခြေပြု ပညာရေး အစီအစဥ်နှင့် ပညာရေးအကြောင်းအရာများကို ဖြန့်ဝေပေးခြင်းဖြင့် အထောက်အပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်း၏ ရည်မှန်းချက်မှာ မီဒီယာအခြေပြု ပညာရေးအစီအစဥ်များကို ဖန်တီးရာ၌ ပံ့ပိုးပေးရန်၊ STEM နှင့် TVET တွင် ဗဟုသုတ အသိပညာ လွှဲပြောင်းပေးရာ၌ အရည်အသွေး တိုးမြှင့်ပေးရန် နှင့် မြန်မာနိုင်ငံတစ်လျှောက် ပညာရေးအစီအစဥ်များ ရရှိနိုင်မှုကို တိုးတက်ကောင်းမွန်လာစေရန် တို့ဖြစ်သည်။
ဤစီမံကိန်းကို ဂျာမနီနိုင်ငံ၏ ယဥ်ကျေးမှုနှင့်ဘာသာစကား ဌာနအဖွဲ့အစည်းဖြစ်သည့် Goethe-Institut မှ အကောင်အထည်ဖော်ပြီး ဂျာမနီ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ German Corporation for International Cooperation (GIZ) နှင့် ပူးပေါင်းဆောင်ရွက်၍ ဂျာမနီနိုင်ငံ စီးပွားရေးနှင့်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန မှ ရန်ပုံငွေထောက်ပံ့ပေးသည်။