စွမ်းအင်ရင်းမြစ် တစ်ခုအဖြစ် အိပ်စက်ခြင်း

  • 4 years ago
နေ့အလင်းရောင် လျော့သွားတာနဲ့ ကျွန်ုပ်တို့ ကိုယ်တွင်းနာရီသည် ခန္ဓာကိုယ်ကို အိပ်စက်ဖို့ ပြင်ဆင်ပေးပါသည်။ ဦးနှောက်၏ မတူညီသော အပိုင်းများမှ စနစ်တကျ အပြန်အလှန် တုံ့ပြန်ခြင်းဖြင့် အိပ်စက်ခြင်းကို ထုတ်လုပ်ပေးပြီး ထိန်းညှိပေးပါသည်။ ၎င်းတို့သည် အဓိကအားဖြင့် ဦးနှောက်ရိုးတံ တွင် တည်ရှိပါသည်။ သိပ္ဗံပညာရှင်များ များစွာ သက်သေပြနိုင်ခဲ့သည်။ သို့သော် အိပ်စက်ခြင်း မည်ကဲ့သို့ ဖြစ်ပေါ်သည် နှင့် မည်ကဲ့သို့ ထိန်းညှိသည် ဆိုသော အသေးစိတ် အချက်များမှာ အခုချိန်ထိ မသိရသေးပေ။ ၎င်းတို့သည် သီအိုရီများ နှင့် ယူဆချက်များ အခြေအနေတွင်သာ ရှိနေသေးသည်။ ရှင်းလင်မှူ မရှိသေးပါ၊ ဥပမာ - အိပ်စက်ခြင်းအတွက် ဦးနှောက်၏ မည်သည့် လှူပ်ရှားမှူ (သို့) မည်သည့် အစိတ်အပိုင်းမှ လုပ်ဆောင်ချက် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သေချာတာက ကျွန်ုပ်တို့ရဲ့ အိပ်ခြင်း၊ နိုးခြင်း စက်ဝန်းပါပဲ၊ ကျွန်ုပ်တို့ အိပ်စက်သည့် အကြိမ်ရေ နှင့် အရည်အသွေးသည် ကျွန်တော်တို့အတွက် အရေးကြီးပါသည်။ ကျွန်ုပ်တို့ အိပ်စက်တဲ့အခါ ကျွန်ုပ်တို့ဦးနှောက်မှ အားသစ်ဖြစ်စေသည့် ဟော်မုန်များ နှင့် ကြီးထွားခြင်း နှင့် ပြန်လည် သန်စွမ်းခြင်း အတွက် ဟော်မုန်းများကို ထုတ်လွှတ်ပေးပါသည်။ အိပ်စက်မှူ မမှန်ခြင်းသည် ကျွန်ုပ်တို့၏ ဘဝအရည်အသွေးကို သိသိသာသာ လျှော့ကျစေပါသည်။ အာရုံစူးစိုက်နိုင်စွမ်း၊ ရုပ်ပိုင်းဆိုင်ရာ နေထိုင်မကောင်းခြင်းများ၊ နှင့် စိတ်ဓါတ်ကျခြင်း စသည့် ပြဿနားများသို့ ဦးတည်စေပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ သိပ္ဗံပညာရှင်များသည် အိပ်စက်ခြင်း မမှန်သော လူများအတွက် ကူညီနိုင်ရန် နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။

https://memr.moe.edu.mm/video/sleep-as-a-source-of-energy/

Category

📚
Learning

Recommended