အာကာသတွင်ခရီးသွားခြင်း - ရည်ရွယ်ချက်ကဘာလဲ?

  • 4 years ago
အာကာသမှ ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာမြေကြီးကို လှမ်းကြည့်လိုက်ရင် လူသားမျိုးနွယ်တွေသည် ၎င်း၏လှပခြင်းနှင့်နှနယ်ခြင်းကို မြင့်တက်စွာသတိပြုမိမည်ဖြစ်သည်။ အာကာသမှ သတင်းအချက်အလက်တွေသည် ကမ္ဘာမြေ၏ဧရာမကွဲပြားခြားနားသော အမျိုးအစားနှင့် ၎င်းကို မည်ကဲ့သို့ကာကွယ်မလဲဆိုတဲ့ နားလည်သဘောပေါက်မှုကို သယ်ဆောင်လာပေးသည်။ ဂြိုလ်ထုများစွာသည် သိပ္ပံပညာရှင်များကို ရေခဲမြစ်,တောင်တန်း, သမုဒ္ဒရာ နှင့် ပင်လယ်တို့၏ ပြောင်းလဲခြင်းများကို ကြည့်ရူရန်အတွက် အကူညီ‌ပေး နေသည်။ ဂြိုလ်ထုလေ့လာသူအဖွဲ့ကို ကျေးဇူးတင်ရှိပါတယ်။ တိရိစ္ဆာန်တို့၏အပြုအမှုနှင့် နေရာများကို အရင်ကထပ်ပို၍တိကျစွာ ခြေရာခံနိုင်လာသည်။ အာကာသမှဓာတ်ပုံများသည် ကမ္ဘာ‌ဝေးလံဆုံးသောဒေသများ နှင့် ကမ္ဘာ့မျက်နှာပြင်အောက် ဘယ်လောက်နက်သလဲ ဆိုတာကိုပါ ညွန်ပြနိုင်သည်အထိ အတွင်းကျကျသိရှိရန် ဖော်ပြနိုင်သည်။ဥပမာအားဖြင့် ပြင်သစ်ဘူမိဗေဒပညာရှင်တစ်ဦးသည် အာဖရိက၏မိုးခေါင်သောဒေသရှိ သီးသန့်နယ်မြေကျယ်တွင် သောက်သုံးရေ ရှာဖွေမှု‌ကို သူတို့ကူညီခဲ့ကြသည်။ အချို့သော ဂြိုလ်ထုများသည် လူသားလုပ်ဆောင်ချက်များကြောင့် ကမ္ဘာ့ပူနွေးလာမှုသည် အမှန်တကယ်ဖြစ်ကြောင်း သက်သေပြနေစဥ်တွင် အချို့ကတော့ ကမ္ဘာ့ပူနွေးမှုလျော့နည်းခြင်းအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို သက်သေပြနေသည့် တိုင်းတာချက်များဖြင့် ညွှန်ပြနေသည်။ အာကာသလုပ်ဆောင်ချက်များက စျေးကြီးကောင်းစျေးကြီးနိုင်သည်။ သို့သော်လည်း ၎င်းသည် ကျွန်ုပ်တို့ကမ္ဘာမြေကို မရေတွက်နိုင်သည့် အကျိုးများစွာ သယ်ဆောင်ပေးလာနိုင်သည်။

https://memr.moe.edu.mm/video/space-travel-whats-the-point/

Category

📚
Learning

Recommended