ဦးနှောက်အတွက်ဆေး

  • 4 years ago
စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှူအပေါ် တောင်းဆိုမှူများသည် အထူးသဖြင့် လုပ်ငန်းခွင်တွင် တဖြည်းဖြည်း တိုးပွါးလာသည်။ ခေတ်သစ်ကမ္ဘာကြီးသည် သတိမူခြင်း၊ အာရုံစူးစိုက်နိုင်ခြင်း နှင့် ခံနိုင်ရည်စွမ်းအား တို့၏ မြင့်မားသော အဆင့်ကို တောင်းဆိုလျက်ရှိသည်။ သို့သော် လူတိုင်းတော့ အမြဲတစေ ဖိစီးသောက ရောက်ခြင်းနှင့် အလိုက်သင့်နေနိုင်မည် မဟုတ်ပါ။ ၎င်းသည် သူတို့၏ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှူအား တိုးတက်စေရန် နည်းလမ်းများ ရှာဖွေသော လူအရေအတွက် ပို၍များပြားလာစေပြီး၊ စိတ်ဓါတ်ကျခြင်း၊ ဂနာမငြိမ် အာရုံစူးစိုက်မှူ ချို့တဲ့ခြင်း ဝေဒနာ (ADHD) နှင့် အိပ်ချင်လွန်ရောဂါ (narcolepsy) တို့အတွက် ရည်ရွယ်ထုတ်လုပ်ထားသော ဆေးများဖြစ်သည့် အာရုံကြောတိုးမြှင့်ခြင်း ဆေးများဘက်သို့ လှည့်လာကြပါသည်။ အာရုံကြောဆိုင်ရာ သိပ္ဗံပညာရှင်များသည် ထိုဦးတည်ချက်အား ဆန်းစစ်ဝေဖန်နေကြ ရခြင်းမှာ ထိုစိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှူ မြင့်တင်ခြင်း ဒြပ်ပေါင်းများသည် ဘေးထွေက်ဆိုးကျိုးများ မကြာခဏ ဖြစ်လေ့ရှိသောကြောင့် ဖြစ်သည်။ အချို့မှာ ကြာရှည်သော အာရုံကြော ပျက်စီးမှူများကို ဖြစ်စေသည်။ သူတို့သည် ခိုင်လုံသော ထိခိုက်မှူ အနည်းပါးဆုံး ဓါတုဆေး မပါဝင်သော အခြားနည်းလမ်းများကို အကြံပြုပါသည်။

https://memr.moe.edu.mm/video/doping-for-the-brain/

Category

📚
Learning

Recommended