လူလားမြောက်ချိန် – ဦးနှောက်၏ အရေးပေါ်အခြေအနေ

  • 4 years ago
လူငယ်များ၏ အမူအကျင့်နှင့်ပတ်သက်၍ မကျေမနပ်တိုင်တန်းချက်များမှာ ရှေးရခင်ကတည်းက ရှိခြင်းဖြစ်သည်။ ၎င်းတို့မှာ ဆန့်ကျင်တတ်ခြင်း၊ လူကြီးများကို မလေးစားခြင်း၊ ယဉ်ကျေးမှုမရှိခြင်းနှင့် လွန်စွာဆင်ခြင်တုံတရား မရှိခြင်းစသည်တို့ ဖြစ်သည်။ ယနေ့အချိန်တွင် ဆက်ကျော်သက်များ၏ အပြောင်းအလဲမြန်တတ်သော စိတ်မှာ ၎င်းတို့ လူလားမြောက်လာချိန်တွင် စတင်လာသော ဟိုမုန်းအပြောင်းအလဲကြောင့်ဖြစ်ကြောင်း သိလာရသည်။ နှစ်အနည်းငယ်အတွင်း အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်များသည် သံလိုက်စက်ကွင်းဖြင့် ပုံရိပ်ဖမ်းခြင်း (magnetic resonance imaging) ၏ အကူအညီဖြင့် ၎င်းတို့၏ သုတေသနများတွင် တွေ့ရှိမှုအသစ်များကို ဖော်ထုတ်နိုင်ခဲ့သည်။ စိတ်အားတက်ကြွမှုဖြစ်ပေါ်လာချိန်၊ ဆုံးဖြတ်ချက်ချမှတ်ချိန်နှင့် လုပ်ငန်းများ ဆောင်ရွက် ပြီးစီးချိန်များ၌ ဦးနှောက်၏ မည်သည့်အစိတ်အပိုင်းမှ နိုးထလာသည်ကို လေ့လာလျက်ရှိသည်။ များပြားသော အထောက်အထားအရ ဆယ်ကျော်သက်များ၏ ဦးနှောက်သည် လူကြီးများနှင့် ကလေးများ၏ ဦးနှောက်များနှင့် ကွဲပြားခြားနားကြောင်း တွေ့ရသည်။ ဥပမာ လူငယ်များ၏ ဦးနှောက်တွင် အဓိက လှုံဆော်မှုအရှိဆုံး အပိုင်းများမှာ ဆင်ခြင်တုံတရားအတွက် တာဝန်ရှိသောအပိုင်းများ မဟုတ်ဘဲ၊ တက်ကြွခြင်းနှင့် စိတ်လိုက်မာန်ပါ အမူအကျင့်၏ အပိုင်းများဖြစ်သည်။ ၎င်းမှာ ဟိုမုန်းအပြောင်းအလဲ တစ်ခုတည်းကြောင့်မဟုတ်ဘဲ လူလားမြောက်လာချိန်တွင် ဆင်ခြင်သုံးသပ်မှု အမူအကျင့်ကို ထိန်းချုပ်ပေးသော ဦးနှောက်၏အစိတ်အပိုင်းမှာ အခြေခံအားဖြင့် ပြန်လည် တည်ဆောက်နေချိန် ဖြစ်သောကြောင့် ဖြစ်သည်။ အသုံးပြုမှုနည်းပါးသော အာရုံကြောလမ်းကြောင်းများမှာ အားလျော့လာချိန်၌ အခြားအာရုံကြောလမ်းကြောင်းများမှာ ပို၍ သန်မာလာသည်။ ဤအချက်သည် အဘယ်ကြောင့် လူငယ်များ၏ ဦးနှောက်မှာ ပို၍ ပျော့ပြောင်းမှုရှိကြောင်းနှင့် ၎င်းတို့၏ အလားအလာကောင်းများ ဆုံးရှုံးရကြောင်း တို့အတွက် ရှင်းပြချက်ဖြစ်သည်။

https://memr.moe.edu.mm/video/puberty-the-brains-state-of-mergency/

Category

📚
Learning

Recommended