ပြစ်မှုကျူးလွန်ခြင်း - ဦးနှောက်မှ ထိန်းချုပ်ခြင်းလား

  • 4 years ago
အာရုံကြောဆိုင်ရာ သိပ္ပံပညာအရ ကျွနု်ပ်တို့ ယာဉ်မောင်းခြင်း၊ စျေးဝယ်ခြင်း သို့မဟုတ် စကားပြောခြင်းစသည့် အပြုအမူ သို့မဟုတ် အပြောအဆိုများမှာ ကျွန်ုပ်တို့ သိစိတ်၏ ရွေးချယ်မှုမဟုတ်ဘဲ ဦးနှောက်မှ မသိစိတ်ဆိုသည့် အရာမှ ဆုံးဖြတ်ပေးခြင်းဖြစ်သည်။ အမေရိကန် (U.S) နိုင်ငံရှိ ထောင်သားများ၏ ဦးနှောက်အား ဖတ်ရှုမှုအရ ၎င်းအဆိုမှာ ထောင်သားများအတွက် မှန်ကန်နေကြောင်း တွေ့ရသည်။ ၎င်းတို့ ဦးနှောက်၏ ပုံရိပ်များတွင်
စိတ်လက်မာန်ပါပြုခြင်းကို ထိန်းချုပ်နိုင်မှု အားနည်းခြင်းနှင့် ချိတ်ဆက်နေသည့် သာမန်မဟုတ်သည့် မြင့်မားသော ဦးနှောက် မူမမှန်မှုများအား တွေ့ရသည်။ ၎င်းမူမမှန်မှုများမှာ သာမာန်လူများတွင် တွေ့ရခဲပြီး ထောင်သားများတွင် တွေ့ရသည့်ပမာဏမှာ သာမာန်လူများ၏ ပမာဏထက် များစွာ မြင့်မားနေသည်။ ဦးနှောက်အတွင်း ရန်လိုမှု၊ အကြမ်းဖက်မှုနှင့် အရှက်အကြောက်ကြီးမှုများ ချိတ်ဆက်မှုရှိသည့် လူများသည် ပြစ်မှုကျူးလွန်သူများ ဖြစ်လာရန် ပို၍ လွယ်ကူကြောင်း တွေ့ရသည်။ ထို့အပြင် ဦးနှောက်အကြိတ်များ၊ ဆေးဝါးများနှင့် စွဲလမ်းစေတတ်သော အရာများသည် လူများ၏ အပြုအမူကို ပြင်းထန်စွာ ပြောင်းလဲစေတတ်သည်။ အကယ်၍ ဇီဝဗေဒဆိုင်ရာ အခြေခံ အကြောင်းရင်းများသည် ပြစ်မှုဆိုင်ရာ အပြုအမူအပေါ်တွင် ကြီးမားစွာ သက်ရောက်မှု ရှိနေပါက ပြစ်ဒဏ်ချမှတ်မှု ဆုံးဖြတ်ချက်များအပေါ် မည်သည့် သက်ရောက်မှုမျိုး ဖြစ်သင့်သနည်း။ ပြစ်မှုထပ်မံ ကျူးလွန်လိုစိတ်နှင့် ပြစ်မှု ထပ်မံကျူးလွန်ခြင်းများကို လျော့ချနိုင်ရန်အတွက် မည်သည့်အရာသည် အကောင်းဆုံးနည်းလမ်း ဖြစ်မည်နည်း။ အာရုံကြောဆိုင်ရာ သိပ္ပံပညာမှ အဆိုပါနယ်ပယ်များအတွင်း အံ့ဩဖွယ် တွေ့ရှိမှုအသစ်များကို ဖော်ထုတ်နိုင်ခဲ့ပြီး မေးခွန်းအသစ်များလည်း ပေါ်ထွက်လာခဲ့သည်။

https://memr.moe.edu.mm/video/criminality-controlled-by-the-brain/

Category

📚
Learning

Recommended