သိပ္ပံပညာရှင်များ ကျွနု်ပ်တို့ မှတ်ဉာဏ်များအား ချယ်လှယ်ခြင်း

  • 4 years ago
စစ်ပွဲ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ လုယက်မှုများ (သို့) ကြီးမားသော မတော်တဆမှုများ
အစရှိသော ကွဲပြားသည့် အဖြစ်အပျက်များသည် စိတ်ဒဏ်ရာအဖြစ် ပာင်းလဲသွားနိုင်သည်။
ထိတ်လန့်ဖွယ် အတွေ့အကြုံများသည် ဦးနှောက်အတွင်းရှိ အချက်အလက်
တွက်ချက်ဆောင်ရွက်မှုစနစ်အား ဝန်ပိခြင်း ဖစ်ပေါ်စေပြီး အရာရာကို ပိတ်ဆို့တားဆီးထားသည့်
အခြေအနေတစ်ရပ်ကို ဖစ်ပေါ်စေသည်။ အဆိုပါ အဖြစ်အပျက်များနှင့် ပတ်သက်သည့် မှတ်ဉာဏ်နှင့်
ဆက်နွယ်လျက်ရှိသော စိတ်ဒဏ်ရာများသည် စိတ်အတွင်း အမြစ်တွယ်နေရာယူလျက်ရှိပြီး တစ်ချို့သော
လူများမှာ အဆိုပါအဖြစ်ကို ထပ်ခါတလဲ ပန်ပြီး ခံစားရလေ့ရှိသည်။ ယခုကဲ့သို့ အလွန်အမင်း
စိတ်ဆင်းရမှုကို ပန်လည်အမှတ်ရခြင်းအား မှတ်ဉာဏ်မှ ရိုးရှင်းစွာဖြင့် အလွယ်တကူ
ဖယ်ရှားပစ်နိုင်မည်ဆိုပါက အလွန်အံ့ဩဖွယ် ကာင်းမည်ဖြစ်သည်။ ကနေဒါ င်ငံရှိ မွန်ထရီရယ်လ်မြို့မှ
သက်တမ်းအရင့်ဆုံး တက္ကသိုလ်မှ ဦးနှောက်သုတေသီဖြစ်သူ အာလိန်း ဘရူနက်ထ် (Alain Brunet)
သည် စိတ်ဒဏ်ရာရ လူနာများအား beta-blocker ဖင့် ကုသမှုပေးရာ၌ အံ့ဩဖွယ်ကောင်းသည့်‌အောင်မြင်မှုကို ရရှိခဲ့သည်။ သွေးဖိအားကို ထိန်းချုပ်နိုင်သည့် အခြေအနေအထိ
လျာ့ချပေးနိုင်ရန် ရည်ရွယ်၍ တီထွင်ခဲ့သည့် ဆးကို အသုံးပြုပြီးနောက် ၎င်း၏ လူနာ ၃ ဦး၊ ၄
ဦးခန့်မှာ ညည်းတွားပြောဆိုခြင်းများ မရှိတော့ပေ။ ဂျာမဏီနိုင်ငံ ဂိုတင်ဂမ် (Göttingen)
တက္ကသိုလ်မှ အာရုံကြော ဆိုင်ရာ သိပ္ပံပညာရှင် အန်ဒရေ ဖစ်ရှာ (André Fischer) သည်
ရေရှည်တည်တံ့သော မှတ်ဉာဏ်အတွင်း ‌ကြောက်ရွံ့ခြင်းအား သိမ်းဆည်းမှုကို
ကာကွယ်ပေးမည့်အရာကို ရှာဖွေတွေ့ရှိခဲ့ပြီး တိရိစ္ဆာန်ဖြင့် စမ်းသပ်မှု ပြုလုပ်လျက်ရှိသည်။
မးစရာမှာ စိတ်ဒဏ်ရာရရှိသူ ဝဒနာရှင်များအား ကုသရန်ဆေး ရှိ၊မရှိဆိုသည့် မးခွန်း
မဟုတ်တော့ပဲ မည်သည့်အချိန်တွင် အများသုံးစွဲနိုင်ရန် အဆင်သင့် ဖြစ်လာမည်ဆိုသည့် ‌မေးခွန်း
ဖြစ်သည်။ ထို့အပြင် အဆိုပါဆေး အဆင်သင့် ဖြစ်လာပါက ဥပဒေနှင့် ဆန့်ကျင်သည့် အခြား
ရည်ရွယ်ချက် များဖြင့် အသုံးပြုခြင်းမှ မည်သို့ကာကွယ်နိုင်မည်နည်း။

https://memr.moe.edu.mm/video/how-scientists-manipulate-our-memories/

Category

📚
Learning

Recommended