သင်္ကြန် မဏ္ဍပ်တွေကို သစ်သားနဲ့ ဆောက်ဖို့ ညွှန်ကြားထား

  • 7 years ago
ဒီနှစ် သင်္ကြန် ရေကစား မဏ္ဍပ်တွေကို တည်ဆောက်တဲ့အခါ သစ်သားတွေနဲ့ပဲဆောက်ဖို့ ညွှန်ကြားထားတယ်လို့ သိရှိရပါတယ်။မဏ္ဍပ်တွေမှာ လာရောက် ရေကစားတဲ့ သူတွေအတွက် လုံခြုံမှု ရှိစေဖို့ အတွက် သစ်သားနဲ့သာ တည်ဆောက်ဖို့ ညွှန်ကြားရတာ ဖြစ်တယ်လို့ မဏ္ဍပ် နေရာချထားရေးနဲ့ ကြံ့ခိုင်မှု စစ်ဆေးရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။နောက်ပြီး ခြံဝန်းတွေထဲမှာ သင်္ကြန် ရေကစားပွဲ လုပ်ဆောင်ဖို့ လာရောက် လျှောက်ထားမှု လုပ်တဲ့ နေရာ သုံးခု ရှိပြီး အဲဒီနေရာတွေက သုဝဏ္ဏမှာ ရှိတဲ့ The One Entertainment ဖျော်ဖြေရေးကွင်း၊ မြကျွန်းသာ ပန်းခြံနဲ့ MCC ခန်းမရှိရာ ခြံဝန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ရုပ်သံ သတင်းထောက် - အလှလေး သူဇာ

Category

🗞
News

Recommended