မယ်လိုဒီရဲ့ အနုပညာရှင်ကောက်ကြောင်း

  • 7 years ago
အနုပညာလောကထဲကို အမှတ်မထင်ဝင်ရောက်လာခဲ့ပြီး ပတ်ဝန်းကျင်ရဲ့တိုက်ခိုက်ထိုးနှက်မှုတွေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့ရသူက အကယ်ဒမီ မယ်လိုဒီပါ။ဝါသနာနဲ့ သရုပ်ဆောင်ပါရမီကြောင့် အကယ်ဒမီတစ်ခုကို ရရှိခဲ့ပေမယ့်လည်း အဲဒီအကယ်ဒမီဆုကြောင့်ပဲ အနုပညာအလုပ်ေတွကို ဆက်လုပ်ဖို့ဝန်လေးခဲ့ရတယ်လို့ မယ်လိုဒီကဆိုပါတယ်။

အနုပညာလောကထဲကို နှစ်ကျော့ပြန်ဝင်လာတာပါဆိုတဲ့ အကယ်ဒမီ မယ်လိုဒီအနေနဲ့ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ ပရိသတ်တွေနဲ့လည်း အဆက်အသွယ်ပြတ်သွားခဲ့ပြီးမှ အခုမှသာ အနုပညာအလုပ်တွေ တစ် န်ေပြန်လည်လှုပ်ရှားလာတာပါ။

ပျော်ရွှင်တဲ့မိသားစုဘဝကို ရရှိထားတာကြောင့် ပတ်ဝန်းကျင်ရဲ့ဝေဖန်တိုက်ခိုက်မှုတွေအပေါ်မှာ အရင်လို မကျရှုံတော့ဘူးဆိုတဲ့ အကယ်ဒမီမယ်လိုဒီရဲ့ပြောစကားတွေနဲ့အတူ သူမရဲ့လက်ရှိ အနုပညာ လှုပ်ရှားမှုတွေ ကို 7Day TV ရဲ့ အနုပညာကောက်ကြောင်းအစီအစဉ်မှာ တင်ဆက်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended