ဆင်တော်မြင်းတော်တွေနဲ့ ဒေဝါဝင်း ရာဇာမင်းတဲ့ ရှင်ပြုအလှူ

  • 7 years ago
နည်းပညာတွေတိုးတက်ပြောင်းလဲလာသလို အရာရာတိုးတက်ပြောင်းလဲလာတဲ့ခေတ်မှာ မြန်မာ့ယဉ်ကျေးမှု တွေကို တွေ့မြင်ရခဲလာပါပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မင်္ဂလာဆင်တော်တွေ၊မြင်းတော်တွေ၊ ဒေ၀ါဝင်း၊ ရာဇာမင်းတွေနဲ့ ရှင်ပြုရဟန်းခံ အလှူတစ်ခုကို ပဲခူးတိုင်း သာယာဝတီခရိုင်၊ ကျောင်းစုရပ်ကွက်မှာမြင်တွေ့ရမှာပါ။ မြင်းစစ်သည်တော်တွေက အရှေ့က ခြံရံရင်း အနောက်မှာတော့ ရွာက လှပျိုဖြူတွေရဲ့ ကွမ်းတော်ကိုင်၊ ပန်းတောင်ကိုင်တွေက လိုက်ပါခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မောင်ရင်လောင်းတွေကို သယ်ဆောင်လာတဲ့ ဆင်တော်မင်္ဂလာတွေကို တွေ့မြင်ရမှာပါ။ ရန်ကုန်နဲ့ အခြားနယ်မြို့တွေမှာ ရှင်ပြုမင်္ဂလာပွဲတွေ ပြုလုပ်ရင်တော့ မြင်းတွေနဲ့ပဲ ရှင်လောင်းလှည့် လည်တာ တွေပဲ မြင်တွေ့ရတာပါ။ အခုလို ဆင်းခင်း မြင်းခင်းတွေနဲ့ ရှင်လောင်းလှည့်လည်တာတွေကို တွေ့မြင်ရဖို့ ရှားပါးသွားပြီ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ယဉ်မွန်

Category

🗞
News

Recommended