• 7 years ago
တရုတ်နိုင်ငံမှာ နွေဦးရာသီ ပွဲတော်ကို ကြိုဆိုတဲ့ အနေနဲ့ ထူးထူးကဲကဲ မီးနဂါးအကကို ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ချုံကင်းဒေသမှာ ဇန်နဝါရီ ၂၅ ရက် ညပိုင်းက အနုပညာ ဖန်တီးသူ ၃၀ လောက် စုပေါင်းပြီး ရိုးရာ တရုတ်နဂါး အကကို ဖျော်ဖြေကပြခဲ့ကြပါတယ်။ ထူးခြားမှုကတော့ နဂါးအက ကနေချိန် အတောအတွင်းမှာ ဘေးပတ်ဝန်းကျင်ကနေ သံရည်ပူတွေကို ပစ်ခတ်ပက်ဖျန်းနေခဲ့တာ ဖြစ်ပါတယ်။ နဂါးကြီးဟာ သံရည်ပူ မီးပန်းတွေကြားမှာ မြူးကြွ ကခုန်နေဟန် သရုပ်ဖော်ထားတာပါ။ မီးနဂါး အကနဲ့ ဖျော်ဖြေမှု အပြီးမှာတော့ ဒေသခံတွေဟာ မီးရှူးမီးပန်းတွေ ပစ်ဖောက်မှုကိုလည်း စောင့်ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။

Category

🗞
News

Recommended