သက်ရှိထင်ရှားကျန်နေတဲ့ နောက်ဆုံး သက်ရှိပင်လုံ ဦးစံအောင် ကွယ်လွန်

  • 7 years ago
သက်ရှိပင်လုံလို့ တင်စားခေါ်ဝေါ်တဲ့ မြန်မာ့အလင်း သတင်းစာ သတင်းထောက်ဟောင်း ဦးစံအောင်ဟာ မနေ့ ဇန်န၀ါရီ ၃၁ ရက် ညပိုင်းမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး လူကြီးရောဂါနဲ့ ဆုံးပါးခဲ့ခြင်းဖြစ်တယ်လို့ ဦးစံအောင်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။ အဖိုး ဦးစံအောင်ဟာ ပင်လုံ စာချုပ်ချုပ်ဆိုစဉ်က မြန်မာ့အလင်း သတင်းစာ သတင်းထောက် အဖြစ် ကိုယ်တိုင်ကိုယ်ကျ မှတ်တမ်းတင် သတင်းရယူခဲ့တဲ့ တောင်ကြီးသား တစ်ဦးပါ။ သူဟာ ရှမ်း-ဗမာ ပူးပေါင်းရေး အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သွားရောက် ဆွေးနွေးတဲ့ ရှမ်းပြည်သူလူထု ကိုယ်စားလှယ် ဦးတင်အေးနဲ့လည်း အတူလိုက်ပါခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ဂျွန်ချစ်ငြိမ်း

Category

🗞
News

Recommended