ပါတီနာမည်အသစ်ကို လာမယ့် ၈ရက်နေ့ မှာ ကြေညာမယ်ဇွန် -၂၄၊ ၂၀၁၈ရှစ်လေးလုံးပြည်သူ့ပါတီနာမည်ကို ပြောင်းလဲဖို့အတွက် ဆွေးနွေးပွဲကို လာမယ့် ဇူလိုင်လ ၈ ရက်မှာ မန္တလေြး
ပါတီနာမည်အသစ်ကို လာမယ့် ၈ရက်နေ့ မှာ ကြေညာမယ်
ဇွန် -၂၄၊ ၂၀၁၈
ရှစ်လေးလုံးပြည်သူ့ပါတီနာမည်ကို ပြောင်းလဲဖို့အတွက် ဆွေးနွေးပွဲကို လာမယ့် ဇူလိုင်လ ၈ ရက်မှာ မန္တလေးမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
အဲ့ဒီနေ့မှာတော့ မူလပေးထားတဲ့ ရှစ်လေးလုံးပြည်သူ့ပါတီနာမည်ကို ပြောင်းလဲမှာဖြစ်ပြီး၊ ပြောင်းလဲမယ့် ပါတီနာမည်၊ လိုဂို၊ အမှတ်တံဆိပ် တွေကို ကြေညာပေးသွားမယ်လို့ သိရပါတယ် ။
နာမည်ပြောင်းလဲတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် ဦးကိုကိုကြီးကတော့ အခုလို ပြောပါတယ်။
ရှစ်လေးလုံးပါတီ နာမည်နဲ့ ပါတီတည်ထောင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခွင့်နဲ့ ပတ်သက်ပြီး စာတင်ခဲ့တာ ဖြစ်ပါတယ်။
ရှစ်လေးလုံးပါတီနာမည်ကို ကန့်ကွက်သူတွေ ရှိတာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီလို့ ပြောင်းလဲပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ထပ်မံစာတင်ခဲ့ပေမယ့် ကန့်ကွက်မှုတွေ ထပ်ရှိလာတာကြောင့် အခုလို နာမည်ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ပါတီနာမည်ကို ကန့်ကွက်သူတွေဟာ ရှစ်လေးလုံးနာမည်ကို လေးစားတန်ဖိုးထားသူတွေ ဖြစ်လို့ မိမိတို့နဲ့ သဘောထားထပ်တူကြပြီး အသစ်ပြောင်းလဲမယ့် ပါတီနာမည်ကို သေချာရွေးချယ်သွားမယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။
ရုပ်သံသတင်းထောက် - ယဉ်မွန်

Category
😹
Fun