အနာဂတ်ရဲ့လူငယ်တွေဖြစ်တဲ့ ကျောင်းသားလူငယ်တွေကြားမှာ လက်ကို ပုံမှန်စင်ကြယ်အောင် ဆေးတတ်ဖို့နဲ့ တစ်ကိုယ်ရည်သန့်ရှင်းတဲ့ အလေ့အထကို ငယ်ငယ်ကတည်းက မွေးမြူစေတတ်ဖို့နဲ့ေ

  • 6 years ago
အနာဂတ်ရဲ့လူငယ်တွေဖြစ်တဲ့ ကျောင်းသားလူငယ်တွေကြားမှာ လက်ကို ပုံမှန်စင်ကြယ်အောင် ဆေးတတ်ဖို့နဲ့ တစ်ကိုယ်ရည်သန့်ရှင်းတဲ့ အလေ့အထကို ငယ်ငယ်ကတည်းက မွေးမြူစေတတ်ဖို့နဲ့ လေ့ကျင့်သင်ကြားပေးဖို့အတွက် ရည်ရွယ်ပြီး MPT က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ကျောင်းကျန်းမာရေး လှုပ်ရှားမှုဖြစ်တဲ့ လက်သန့်ရှင်း ရေးပညာပေးအစီအစဉ်ကို မန္တလေးတိုင်း၊ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ်ရှိ မူလတန်းကျောင်း ၁၅ ကျောင်းမှ ကျောင်းသား/သူ ၂,၄၀၀ အတွက် လက်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများကို အောင်မြင်စွာလွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ပါတယ်။ အောက်တိုဘာလ (၁၀) ရက်က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ အ.မ.က ချမ်းသာ မှာ လက်ဆေးကန်လွှဲပြောင်းပေးအပ်ခဲ့တဲ့ အခမ်းအနားပုံရိပ်လေး တွေကိုလည်းမျှဝေလိုက်ပါတယ်။
To help educate young children on how to maintain personal hygiene with proper and regular hand washing, MPT has announced the successful completion of hand washing facilities that will serve 2,400 students from 15 Basic Education Primary Schools in Mandalay, Mon and Kayin, as part of its ‘Hand washing Program’ that was carried out in collaboration with the Public Health Department, Ministry of Health and Sports.We want to share the moments of this initiative that held on 10th October at Chan Thar Basic Education Primary School located in Hlaing Bwae, Kayin State.

Recommended