ပြင်သစ်နိုင်ငံတောင်ပိုင်းက မာဆေးမြို့က တိုက် ၂ လုံးပြိုကျတဲ့အတွက် လူ ၃ ယောက် သေဆုံးပြီး ကျန်လူတွေကို မီးသတ်သမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။ အမျိုးသား ၂ ဦး နဲ့ အမ

  • 6 years ago
ပြင်သစ်နိုင်ငံတောင်ပိုင်းက မာဆေးမြို့က တိုက် ၂ လုံးပြိုကျတဲ့အတွက် လူ ၃ ယောက် သေဆုံးပြီး ကျန်လူတွေကို မီးသတ်သမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး တဦး ရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ မာဆေး မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ တနင်္လာနေ့က အထပ်မြင့်အဆောက်အဦး တခု ထပ်ပြိုကျပြီးတဲ့နောက် လူပေါင်းများစွာ ပျောက်ဆုံးနေတာပါ။ အပျက်အစီးပုံတွေ အောက်မှာ လေခိုနိုင်တဲ့နေရာတွေ ရှိတဲ့အတွက်လည်း အသက်ရှင်ကျန်ရစ်သူတွေ ရှိမယ်လို့ မျှော်လင့်ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး Christophe Castaner က ပြောပါတယ်။ ရဲဝန်ထမ်း ၁၂၀ နဲ့ မီးသတ်သမား ၈၀ တို့က ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

ဗွီအိုအေ မြန်မာပိုင်းက တင်ဆက်ပေးတဲ့ ဗွီဒီယိုတွေကို အောက်ပါ Youtube စာမျက်နှာမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Recommended