လက်ရှိ ဘဏ္ဍာနှစ်အစမှာတင် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၇ သန်းကျော်ရှိနေအောက်တိုဘာ- ၁၈၊ ၂၀၁၈လက်ရှိ ဘဏ္ဍာနှစ်အစမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းခြောက်ခု

  • 6 years ago
လက်ရှိ ဘဏ္ဍာနှစ်အစမှာတင် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၇ သန်းကျော်ရှိနေ

အောက်တိုဘာ- ၁၈၊ ၂၀၁၈

လက်ရှိ ဘဏ္ဍာနှစ်အစမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းခြောက်ခုကို ခွင့်ပြု ပေးလိုက်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဆီကသိရပါတယ်။

အဲဒီခြောက်ခုထဲမှာ ကချင်ပြည်နယ် မှာ ဆောင်ရွက်မယ့် တရုတ်နိုင်ငံက ဌက်ပျောတစ်ရူး စိုက်ပျိုး မယ့် ရင်းနှီးမြှုပ်နှံမှုလည်းပါတယ်လို့သိရပါတယ်။

ခွင့်ပြုပေးလိုက်တဲ့ ရင်းနှီးမြုပ်နှံမှု ခြောက်ခုမှာတော့ စက်မှု ကဏ္ဍ ကသုံးခု ၊ လယ်ယာကဏ္ဍ က တစ်ခု နဲ့ အခြားကဏ္ဍ က နှစ်ခုပါဝင်တာပါ။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

😹
Fun

Recommended