မြန်မာ့လက်ရွေးစင်အသင်း ကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိ ဂျာစီစပွန်ဆာရရှိနိုဝင်ဘာ-၆၊၂၀၁၈ထိုင်းနိုင်ငံအခြေစိုက် အားကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ Warrix Sport က မြန်မ

  • 6 years ago
မြန်မာ့လက်ရွေးစင်အသင်း ကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိ ဂျာစီစပွန်ဆာရရှိ

နိုဝင်ဘာ-၆၊၂၀၁၈

ထိုင်းနိုင်ငံအခြေစိုက် အားကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ Warrix Sport က မြန်မာလက်ရွေးစင်ဘောလုံးအသင်းအတွက် ဒေါ်လာ ၅ သန်းကျော် တန်ကြေးရှိ ဂျာစီစပွန်ဆာကို ထောက်ပံ့ခဲ့ပါတယ်။။

ဒီဂျာစီစပွန်ဆာက ခြောက်နှစ် စာချုပ် သက်တမ်းဖြစ်ပြီး တစ်နှစ်ခြင်းအလိုက် ထောက်ပံ့မှုပမာဏ မြင့်လာမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

စကားပြော (ဦးဘုန်းနိုင်ဇော်)
“ စာချုပ် ပထမနှစ်ကနေပြီး တတိယနှစ်အထိ စာချုပ်သက်တမ်း သုံးနှစ်မှာတော့ ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၇ သိန်းခွဲဖိုးဖြစ်ပါတယ်။ငွေသား အမေရိကန် ဒေါ်လာ တစ်သိန်းခွဲဆီဖြစ်ပါတယ်။ ပထမနှစ် ဒုတိယနှစ် တတိယနှစ် သုံးနှစ်ပေါ့ ။နောက်တစ်နှစ်ကနေပြီးတော့ ခြောက်နှစ်မြောက်ထိကတော့ အမေရိကန် ဒေါ်လာ ၇ သိန်း ၈ သောင်း ဖြစ်ပြီးတော့ ငွေသား အမေရိကန်ဒေါ်လာ နှစ်သိန်းဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစာချုပ်က နိုဝင်ဘာ ၁ ရက်နေ့မှာ စပြီး စာချုပ်လက်မှတ်ထိုးတာဖြစ်တဲ့အတွက်ကြောင့် နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ဒီနှစ်လအတွက်ကို ပစ္စည်း တန်ဖိုး အမေရိကန်ဒေါ်လာ တစ်သိန်း ဆီရမှာဖြစ်ပါတယ်။”

အရင်ကလည်း အားကစား ကုမ္ပဏီတစ်ခုက မြန်မာ့လက်ရွေးစင်အသင်းကို ဂျာစီစပွန်ဆာ ပေးခဲ့ပေမယ့် ယခု Warrix လို ပစ္စည်းနဲ့ငွေသား နှစ်ခုစလုံး စပွန်ဆာပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ Warrix sport ကုမ္ပဏီက့  မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနဲ့ လက်ရွေးစင်ဖူဆယ်အသင်းတို့အတွက်ပဲ စပွန်ဆာပေးထားတာလို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အောင်ကျော်ထွန်း

Recommended