မန္တလေးနိုင်ငံတကာ စက်ပစ္စည်းနှင့် စက်မှုလုပ်ငန်းပြပွဲအတွက် အကြိုသတင်းစာရှင်းလင်း================= ဒုတိယအကြိမ် မန္တလေးနိုင်ငံတကာစက်ပစ္စည်းနှင့် စက်မှုလုပ်ငန်းပြပွဲနှ

  • 6 years ago
မန္တလေးနိုင်ငံတကာ စက်ပစ္စည်းနှင့် စက်မှုလုပ်ငန်းပြပွဲအတွက် အကြိုသတင်းစာရှင်းလင်း
=================
ဒုတိယအကြိမ် မန္တလေးနိုင်ငံတကာစက်ပစ္စည်းနှင့် စက်မှုလုပ်ငန်းပြပွဲနှင့်ပြည်တွင်းထုတ် စက်ပစ္စည်းများ၊ ထုတ်ကုန်များပြပွဲပြိုင်ပွဲအတွက် အကြိုသတင်းစာရှင်းလင်းခြင်းကို ၂၀၁၈ ခုနှစ် ၊အောက်တိုဘာ ၂၀ ရက်၊ နံနက်ပိုင်းက မန္တလေးမြို့ရှိ ၊ ရွိုင်ရယ်မင်္ဂလာဟိုတယ်တွင်ပြုလုပ်ကျင်းပစဉ်။ရိုက်ကူး ဘိုဘို မဇ္ဈိမ

အဆိုပါပြပွဲကို ၂၀၁၈ ခုနှစ် ၊နိုဝင်ဘာ ၂၇၊၂၉ ရက်တို့တွင် မန္တလေးစက်မှုဇုန်၊ ဖိုးရာဇာလမ်းရှိ ကနောင်ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ၄င်းတို့၏ ထုတ်ကုန်များ၊ စက်ပစ္စည်းများ၏ အရည်အချင်းကို အများ ပြည်သူသိရှိလက်ခံလာပြီး ဈေးကွက်ပိုမိုရရှိစေရန်၊ ပြည်တွင်းပြည်ပမှ နည်းပညာနှင့်စက်ပစ္စည်းများကိုအထက် မြန်မာနိုင်ငံရှိစက်မှုလက်မှုလုပ်ငန်းရှင်များနှင့် မိတ်ဆက်ရန် စသောရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Recommended