ရွှေရုပ် ဇာတ်ကားပြဿနာနဲ့ပတ်သက်ပြီး မိုးဟေကို ဘာပြောလဲ

  • 7 years ago
“သူ့နာမည် ရွှေရုပ်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဒါရိုက်တာနဲ့အဆင်မပြေတော့တာကြောင့် မရိုက်ဖြစ်တော့တဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ မိုး ရုပ်ရှင်ထုတ်လုပ်ရေးတို့ဟာ လျော်ကြေးကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့မနက် ဆယ်နာရီအချိန်မှာ နှစ်ဦးနှစ်ဖက်ဆွေးနွေးကြဖို့ ရုပ်ရှင်အစည်းအရုံးမှာ စီစဉ်ခဲ့ပါတယ်။

မိုး ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပိုင်ရှင် သရုပ်ဆောင်မိုးဟေကိုက ဆွေးနွေးပွဲကို လာရောက်ခဲ့ပေမယ့်လည်း သင်ဇာဝင့်ကျော်လာရောက်ခဲ့ခြင်းမရှိတာကြောင့် ညနေသုံးနာရီမှာ ဆွေးနွေးဖို့ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

“သူ့နာမည် ရွှေရုပ်” ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ပြဿနာတွေအပေါ်မှာ ထုတ်လုပ်ရေးပိုင်ရှင် မိုးဟေကိုအနေနဲ့ အခုလိုရင်ဖွင့်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended