• 7 years ago
လူငယ်တွေရဲ့ဖန်တီးမှုတွေအပြင် နိုင်ငံတကာရဲ့မှတ်တမ်းဝင်ဇာတ်လမ်းအရှည်၊ ရုပ်ရှင်ဇာတ်ကားတိုတွေကို ပြသတဲ့ ဝသာန်ရုပ်ရှင်ပွဲတော်ကို ဒီကနေ့ စက်တင်ဘာ ၇နေ့ကစပြီး ဝဇီရာရုပ်ရှင်ရုံမှာ စတင်ကြည့်ရှုနိုင်ပါပြီ။

လွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ဖန်တီးမှုတွေနဲ့အတူ လူငယ်တွေရဲ့အတွေးအခေါ်တွေကို ပိုမိုရင့်သန်နိုင်လာဖို့ ၊ရုပ်ရှင်၊ ဇာတ်လမ်းတိုဖန်တီးမှုတွေမှာ လူငယ်တွေအနေနဲ့ ပိုမိုအာရုံစိုက်လာနိုင်ဖို့အတွက် ဝသာန်ရုပ်ရှင်ပွဲတော်ကို ကျင်းပတာလည်းဖြစ်ပါတယ်။

ဒီနှစ် ဝသာန်ရုပ်ရှင်ပွဲတော်မှာတော့ ပြိုင်ပွဲဝင်ဇာတ်လမ်းတို ၂၉ကား ပါဝင်ပြီး အဲ့ဒီထဲမှ The Best Short Film Award၊ The Best Documentary Award ၊ New Vision Awardဆုတွေကို ရွေးချယ်သွားမှာပါ။

ဒီနှစ်ထဲမှာတော့ ပြည်တွင်းပြည်ပ ဇာတ်ကား ၇၈ကားကို ပြသပြီး ပြိုင်ပွဲဝင်ဇာတ်ကားတွေကိုတော့ စက်တင်ဘာ ၉ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ ပြသသွားမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended