• 7 years ago
သရုပ်ဆောင် ကျော်သူတို့ ဇနီးမောင်နှံရဲ့ ( ၃၆ ) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် အခမ်းအနားကို မနေ့က သြဂုတ်လ ၃၁ ရက်က နာရေးကူညီမှု အသင်း ( ရန်ကုန်) မှာပြုလုပ်ခဲ့ပါတယ်။

အဲဒီအချိန်က နှစ်ဦးစလုံး ကျောင်းသားတွေဖြစ်သလို သူကလည်း ဆိုးတာကြောင့် ချစ်သူရဲ့ မိဘတွေက သဘောမတူတာကြောင့် ခိုးပြေးဖြစ်ခဲ့တာလို့ သရုပ်ဆောင်ကျော်သူက ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူတာတွေ များတာကြောင့် အိမ်ထောင် သက်တမ်းတလျောက် ရန် ဖြစ်ခဲ့ရတဲ့ ကိစ္စတွေရှိပေမယ့် နားလည်မှု၊ ခွင့်လွှတ်မှုတွေနဲ့ ခရီးဆက်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

( ၃၆) နှစ်မြောက် နှစ်ပတ်လည် အနေနဲ့ ဇနီးဖြစ်သူ လိုချင်တောင့်တနေတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကိုရရှိဖို့ ဆုတောင်းပေးခဲ့တယ်လို့ ဦးကျော်သူက ဆိုပါတယ်။ အဲဒီအခမ်းအနားကိုတော့ ဦးကျော်သူတို့ဇနီးမောင်နှံ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ တက်ရောက်ခဲ့တာဖြစ် ပါတယ်။

ရုပ်သံသတင်းထောက် - ဇွဲဥာဏ်

Category

🗞
News

Recommended