ဖေ့စ်ဘွတ်ခ် ဆယ်လီပါမယ့် သင်္ကြန်အလွဲများဇာတ်လမ်းတွဲ

  • 7 years ago
သင်္ကြန်ကာလရဲ့ အလွဲလေးတွေကို ဟာသနှောပြီး ရိုက်ကူးသွားမယ့် “သင်္ကြန်အလွဲများ”ဇာတ်လမ်းတွဲကို Myanmar Media 7 News Facebook Page ကနေ မကြာခင်မှာ ထုတ်လွှင့်ပေးသွားတော့မှာဖြစ်ပါတယ်။ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဟာသတွေတင်တတ်တဲ့ Kelvin Kate (ခ)အောင်သူလွင်တို့နဲ့အတူ သရုပ်ဆောင် ထူး၊ စံရတီမိုးမြင့်နဲ့ တခြား ဟာသသရုပ်ဆောင်တွေက ဒီဇာတ်လမ်းတွဲမှာ ပါဝင်ကြမှာပါ။ သင်္ကြန်အလွဲများ ဇာတ်လမ်းတွဲကို မတ်လ ၃၁ ရက်ကစပြီး အပတ်စဉ် သောကြာ ၊ စနေ ၊ တနင်္ဂနွေ နေ့၊ ညနေ (၆)နာရီမှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended