• 7 years ago
Myanmar Media 7 ရဲ့ ရှစ်ကားမြောက် ကိုယ်စောင့်နတ် ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးတော့မှာပါ။ တေးသံရှင် လွှမ်းပိုင်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ဝင်းလွင်ထက် က ဇာတ်ညွှန်းရေးဖွဲ့ရိုက်ကူးသွားမှာဖြစ်ပြီး ဒီဇာတ်ကားကြီးမှာ သရုပ်ဆောင် ထွန်းထွန်း၊ လွှမ်းပိုင်၊ ရဲထွေးအောင်၊ ခင်ဝင့်ဝါ နဲ့ ခိုင်သဇင်ငုဝါတို့ ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀ မှာစရိုက်မယ့် ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဒီကနေ့ (ဇန်နဝါရီ ၁၉ရက်)မှာ ရွှေတိဂုံဘုရားအောင်မြေမှာ ကန်တော့ပွဲပေး အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
ရုပ်သံသတင်းထောက်- အေးမြတ်

Category

🗞
News

Recommended