ကိုယ်တွင်းသမားတော်၏ ကုသခြင်းစွမ်းအင်များ

  • 4 years ago
သေးငယ်သော အနာတစ်ခုအား လေ့လာကြည့်ရုံဖြင့် ခန္ဓာကိုယ်မှ၎င်း၏ ကိုယ်ပိုင်စွမ်းရည်အား စုစည်းနိုင်မှုကို မြင်နိုင်သည်၊ အနာမှာ အသားဆက်သွားပြီး ပျောက်ကင်းသွားသည်။ ဆရာဝန်များအနေဖြင့် အဆိုပါဖြစ်စဉ်ကို ပံ့ပိုးမှု ပြုလုပ်ပေးနိုင်သော်လည်း ကုသပျောက်ကင်းမှုကို ခန္ဓာကိုယ်မှ ပြုလုပ်ခြင်းဖြစ်သည်။ ဆရာဝန်များနှင့် လူနာတို့ နှစ်ဦးနှစ်ဖက်အနေဖြင့် ၎င်းကဲ့သို့သော ကိုယ်တွင်းရှိ ကုသမှုစွမ်းရည်များမှာ ခေတ်မှီဆေးပညာဆိုင်ရာ နည်းပညာ၏ အရိပ်အောက်တွင် ပျောက်ကွယ်လာကြောင်း သတိထားမိရန်လိုအပ်သည်။ သိပ္ပံပညာရှင်များနှင့် ဆရာဝန်များမှာ ဖြည်းညှင်းစွာဖြင့် ခန္ဓာကိုယ်၏ မိမိကိုယ်မိမိ ကုသနိုင်မှုစွမ်းရည်များနှင့် ပတ်သက်၍ ပြန်လည် ရှာဖွေတွေ့ရှိလာခြင်းဖြစ်သည်။ ကုထုံးအသစ်များမှာ ခန္ဓာကိုယ်အလုံးစုံကို အသုံးပြုသည့် နည်းလမ်းကို အသုံး ပြုလာကြပြီး လူနာများ၏ အတွေးများ၊ ခံစားချက်များနှင့် ခံယူချက်များမှာ ရောဂါတစ်ခု၏ အခြေအနေအပေါ် အပြုသဘောဆန်သော သက်ရောက်မှုရှိနိုင်သည်။ အနာဂတ်၏ ဆေးပညာသည် လူနာများအနေဖြင့် ၎င်းတို့၏ ကိုယ်တွင်းမှ ကုသနိုင်မှုစွမ်းရည်များကို ရှာဖွေခြင်း အသုံးပြုခြင်းအား ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရန် ဂရုပြုကန် လိုအပ်ကြောင်းကို ကျွမ်းကျင်သူအများအပြားမှ သဘောထားတူညီကြသည်။

https://memr.moe.edu.mm/video/the-healing-powers-of-the-inner-physician/

Category

📚
Learning

Recommended