ဂရုတစိုက် နဲ့ ပြောင်းလဲစားသောက်မှုတခု ဟာဆိုရင် ဆေးကုသမှုနှင့်ဆိုင်သောဝေဒနာခံစားရမှုတွကို အတိုင်းတာ တခုထိ သက်သာမှုပေးနိုင်ပါတယ်။ ဂျာမနီက ဆရာဝန်အုပ်စုတခု က သမရိုးကျ ဆေးကုသမှု များကို ချုံငုံသုံးသပ်၍ နီးကပ်စွာ စောင့်ကြည့်လေ့လာကြပါတယ်။ အာဟာရပညာရှင်များ က ဆေးပညာနှင့်ဆိုင်သော အမျိုးမျိုးသောကစဥ့်ကလျားဖြစ်မှုတွေ နဲ့ လူတွေကို အကြံပေးထားပါတယ်။ ဒူးမှာ ဆေးမတိုးတဲ့ အဆစ်ရောင်ရောဂါရှိတဲ့ အဝလွန်တဲ့ အမျိုးသားတယောက် ၊ သွေးဆုံးသွားတဲ့ အမျိုးသမီး တယောက် ၊ နောက်ထပ် အစာမကြေသော ခံရခက်သော အူသိမ်အူမ နာကျင်မှုရောဂါ ရှိနေ တဲ့ သူတွေကိုပေါ့။ ဖြစ်စဥ်တခုစီတိုင်းမှာ ဆရာဝန်တွေက လူနာရဲ့ ယခင်စားသောက်မှုပုံစံကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီးတော့ သူ့ရဲ့ အာဟာရပြည့်မယ့် စားသောက်မှု နည်းလမ်းကို ပြောင်းလဲဖန်တီးပေး လိုက်ပါတယ်။ အရိုးဆစ်ရောင်ရမ်းမှု ဝေဒနာရှင်များဟာ အစမှာပဲ အလေးချိန်ကျအောင် လုပ်ရပါတယ် ၊ နောက် တဖြည်းဖြည်းနဲ့ သူ့ရဲ့ စားသောက်မှုကို ပြုပြင်ပြောင်းလဲရပါတယ်။ သူက အသားစားသုံးမှု ကို ဖြတ်တောက်သင့်ပါတယ် ၊ အဲဒီအစား အိုမီဂါ သရီး ဆီ ၊ အသားဓာက်ကြွယ်ဝသော နို့ထွက်ပစ္စည်းများ နှင့် ဟင်းသီးဟင်းရွက်များစွာကို စားသုံးသင့်ပါတယ်။ ဘယ်ရီ သီးတွေ နဲ့ နနွင်းလို ဟင်းခတ်အမွှေးကြိုင် တွေကိုလည်း စားသုံးသင့်ပါတယ်။ သူတို့ဟာဆိုရင် လူခန္ဓာကိုယ်ပေါ်က အသားရေဖူးရောင်ခြင်းတွေကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ နောက် အထူးစားသောက်မှုပုံစံတခု အဆစ်ရောင်ရမ်းခြင်းကို လုံးဝ မပျောက် ကင်း သေးချိန်မှာ ငါးလလောက် ကြာပြီးရင်တော့ လူနာရဲ့ အခြေနေဟာ အတော်တန်ကြီးကို တိုးတက် လာမှာပါ။ သူ တစ်ဆယ့်ရှစ် ကီလိုလောက် ကိုယ်အလေးချိန်လျော့ချပြီးပြီ ၊ ပိုမိုပြီး ရွေ့လျားနိုင်လာပြီ နောက်တော့ သူ နာကျင်ခံစားရမှုတွေ နည်းလာပြီလေ။
https://memr.moe.edu.mm/video/a-change-in-diet-to-alleviate-symptoms/
https://memr.moe.edu.mm/video/a-change-in-diet-to-alleviate-symptoms/
Category
📚
Learning