• 4 years ago
ယခုနှစ်များအတွင်း အပ်စိုက်ကုထုံး၊ အကြောကုထုံး၊ ရှီးဂေါင် (Qigong) လေ့ကျင့်ခန်းများနှင့် အခြားသော တရုတ်ရိုးရာဆေးဝါးနှင့် ဆက်စပ်သော အလေ့အကျင့်များ (သို့) TCM အား စိတ်ဝင်စားမှုမှာ ကမ္ဘာတဝှမ်းတွင် မြှင့်တက်လာလျက်ရှိသည်။ ၎င်းတို့သည် ကျန်းမာခြင်းအား ပံ့ပိုးမှုပေးခြင်းနှင့် ရောဂါများအား တိုက်ဖျက်ပေး နိုင်သည်ဟု ဆိုကြသည်။ အဆိုပါ နည်းလမ်းအများစု၏ ထိရောက်မှုအား သိပ္ပံနည်းပညာများဖြင့် သက်သေပြ နိုင်ခြင်းမရှိသေးသော်လည်း အရှေ့အာရှတွင် အသုံးပြုလျက်ရှိသော ကုထုံးများသည် ရေရှည်နာကျင်မှုနှင့် ပြင်းထန်သော ဓာတ်မတည့်မှုများကဲ့သို့သော အခြေအနေများကို သက်သာစေခြင်း (သို့) စွဲလမ်းစေသော အရာ များအား စွဲလမ်းမှု ပြတ်စေခြင်းများကို တွေ့ရသည်။ တောင်ဝှစ် (Taoist) အဆုံးအမများအရ အသက်တာ၏ လက္ခဏာသွင်ပြင်အားလုံးတွင် သက်ရောက်မှုရှိသော - ဇီဝအသက်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်၊ ရှီး (qi) မှာ အဓိကကဏ္ဍအဖြစ် ပါဝင်နေသည်။

https://memr.moe.edu.mm/video/qi-the-chinese-art-of-healing/

Category

📚
Learning

Recommended