အစာရှောင်ခြင်းဖြင့်ကုသနည်း – ရှေးကအလေ့အကျင့်ကို နောက်ဆုံးသုတေသနပြုပြီးအတည်ပြုခြင်း

  • 4 years ago
လက်ရှိနှစ်များအတွင်း အာဟာရဖြစ်ခြင်းနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ တိုးတက်လာမှုများကြောင့် နိုင်ငံ အများအပြားတွင် ပျမ်းမျှလူ့သက်တမ်းမှာ မြင့်တက်လာကြောင်းတွေ့ရသည်။ တစ်ချိန်တည်းမှာပင် အဝလွန်ခြင်း၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါနှင့် ဓာတ်မတည့်ခြင်းများမှာ ကမ္ဘာတဝှမ်း၌ အလွန်တရာ မြင့်တက်လာကြောင်း တွေ့ရသည်။ အဆိုပါ “ခေတ်မှီလူ့အဖွဲ့အစည်း၏ ရောဂါများ” အား ဆေးဝါးများဖြင့် ကုသခြင်း (သို့) အခြားသော နည်းလမ်းဖြင့် ကုသနိုင်ခြင်းရှိနိုင်ပါမည်လား။ ရုရှားသုတေသီများသည် အစာရှောင်ခြင်းဆိုင်ရာ ကုထုံး၏ ထိရောက်မှုများအား အသေးစိတ်လေ့လာမှုပြုလုပ်ခြင်းကို နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြသည်။ လူနာ ထောင်ပေါင်း များစွာမှာ အဆိုပါ လေ့လာမှုတွင် ပါဝင်ခဲ့ကြသည်။ ဆေးပညာဆိုင်ရာ စောင့်ကြည့်လေ့လာမှုဖြင့် ပြုလုပ်သော အစာရှောင်ခြင်းဖြင့် ကုသနည်းမှာ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ရောဂါများအား ကုသရာတွင် အံ့ဩသင့်ဖွယ် ကောင်းသည့် အောင်မြင်မှုရှိသည်ကို သိပ္ပံပညာရှင်များက တွေ့ရှိဖော်ထုတ်ခဲ့သည်။ အဆိုပါ လေ့လာမှု၏ ရလဒ် များအား အခြားဘာသာစကားသို့ ဘာသာပြန်ဆိုခြင်းမရှိခဲ့သည့်အပြင် ဆိုဗီယက်ယူနီယံ (Soviet Union) ပြိုကွဲ ခဲ့ပြီးနောက် ၎င်းတို့အား မေ့ပျောက်သွားခဲ့ကြသည်။ ယခုအချိန်၌ အခြားနိုင်ငံများတွင် အစာရှောင်ခြင်းကို ကုထုံး နည်းလမ်းတစ်ခုအဖြစ် သုတေသနပြုလုပ်ရန် စိတ်ဝင်စားမှုမြင့်တက်လာခဲ့သည်။ ဆရာဝန်နှင့် ဇီဝဗေဒ ပညာရှင်များသည် ၎င်းနှင့်ပတ်သက်၍ ရှာဖွေမှုများကို ပြုလုပ်လျက်ရှိသည်။ အထူးသဖြင့် နာတာရှည်ရောဂါ များနှင့် ပတ်သက်၍ အစာရှောင်ခြင်းမှာ လူနာများအား မလိုအပ်သော ဘေးထွက်ဆိုးကျိုးရှိသည့် ဆေးဝါးများအား သောက်သုံးမှုကို ရပ်တန့်ပေးခြင်း (သို့) ဆေးသောက်မှု အကြိမ်ရေကို သိသိသာသာ လျော့ချပေးနိုင်သည်။

https://memr.moe.edu.mm/video/fasting-as-a-cure-new-research/

Category

📚
Learning

Recommended