တိရိစ္ဆာန်များအား ကုထုံးအဖြစ် ရည်ရွယ်ချက်အဖြစ် အသုံးပြုခြင်းမှာ အယူအဆအသစ်တစ်ရပ် မဟုတ်ပေ။ အထူးသဖြင့် မြင်းနှင့်ဆိုင်သော ကုထုံးနှင့်ပတ်သက်၍ အထက်ပါ ကုထုံးများ၏ အစီခံစာများအရ အံ့ဩဖွယ် အောင်မြင်မှုများရှိသော်လည်း တိရိစ္ဆာန်၏ ပံ့ပိုးမှုဆိုင်ရာကုထုံးအား သမားရိုးကျနည်းလမ်းတစ်ခုအဖြစ် မယူဆကြသည့်အပြင် သုတေသန အနည်းငယ်သာ ပြုလုပ်ထားသည့် နယ်ပယ်တစ်ခုဖြစ်သည်။ လူသားများနှင့် အလွန်နီးစပ်သည့် တိရိစ္ဆာန်အဖြစ် သတ်မှတ်ထားသည့် မြင်းများအား ကုထုံးများအတွက် အသုံးပြုရန် ဆောင်ရွက်လာခဲ့သည်။ ၎င်းတို့မှာ သိရှိလိုစိတ်မြင့်မားပြီး အခြားသတ္တဝါများအား မေတ္တာဖြင့် ထိတွေ့မှုပြုလုပ်သည့် သတ္တဝါများဖြစ်သည့်အလျောက် မကျန်းမာသော (သို့) မသန်စွမ်းသူများနှင့် တွဲဖက် လုပ်ဆောင်ရန် အသင့်တော်ဆုံးဖြစ်သည်။ လူသားများအား ၎င်းတို့၏ ကျောပေါ်တွင်သယ်ဆောင်နိုင်သည့် စွမ်းရည်မှာလည်း လူသားများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် သယ်ဆောင်ခံရမှုနှင့် ထွေးပိုက်မှု စသည့် နီးစပ်မှုများအတွက် သင့်လျော်မှုရှိသည်။ မြင်းနှင့်သက်ဆိုင်သည့် ကုထုံးဖြင့် အထူးပြုကုသသူ ရိုဝီထာ ဇင့်ခ် (Roswitha Zink) သည် သူမ၏ အလုပ်၌ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါများစွာ ခံစားနေရသည့် လူနာ များအနေဖြင့် မြင်းနှင့်ပတ်သက်သည့် ကုသမှုအကူအညီဖြင့် ၎င်းတို့၏ ပုံမှန်ဘဝအား ပြန်လည်ရရှိရန် မည်သို့ဆောင်ရွက်ရမည့်အကြောင်းနှင့် ပတ်သက်၍ စမ်းသပ်မှုများကို အဆက်မပြတ် ပြုလုပ်လျက်ရှိသည်။
ရိုဝီထာ ဇင့်ခ် (Roswitha Zink) ဦးဆောင်သော သုတေသီအနည်းငယ် ပါဝင်သည့်အဖွဲ့သည် မြင်းနှင့် ဆိုင်သောကုထုံးမှာ အဘယ်ကြောင့် အလွန်အောင်မြင်နေကြောင်းကို နားလည်ရန်နှင့် ဆေးဝါးနှင့် ခွဲစိတ်မှု မပါဝင်သည့် အဆိုပါ ကုထုံးအား ဆေးပညာလောကတွင် ပို၍ အသိအမှတ်ပြုခံရနိုင်ရန်အတွက် အကူအညီ ပေးနိုင်ရန် သိပ္ပံဆိုင်ရာ လေ့လာမှုတစ်ခုကို ပြုလုပ်လျက်ရှိသည်။
https://memr.moe.edu.mm/video/healing-horses-the-wonders-of-equine-therapy/

Category
📚
Learning