အရှေ့တိုင်းဂီတကုထုံး – ဥဇဘက်ကစ္စတန်၏ ရှေးကျသောနည်းလမ်းများအရ

  • 4 years ago
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အနောက်တိုင်းတွင် အာဗေဆီနာ (Avicenna) ဟု သိကြသော အစ္စလမ် သမားတော် အဘူအလီ အဲလ်-ဟူစိန် အိဗ် အဗ္ဗဒူလာ အိဗ် စီနာ (Abu Ali al-Husayn Ibn Abdullah Ibn Sina) သည် သူ့ခေတ်အခါတွင် အသုံးပြုသော ကုသခြင်း နှင့် ကုထုံး တို့၏ များစွာသော အမျိုးအစားများ၏ ဆရာတစ်ဆူ ဖြစ်သည်။ အာရှအလယ်ပိုင်း တယ်ကစ် လူမျိုးများမှ အစပြုသော ဂီတမှတစ်ဆင့် ကုသပေးသော အရှေ့တိုင်းရိုးရာသည် ရှေးဟောင်းကုသခြင်းနည်းလမ်း များထဲမှ တစ်ခုဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ကုသခြင်း လုပ်နည်းကိုင်နား များစွာသည် ဥဇ်ဘက်ကစ္စတန် နို်င်ငံ အပါအဝင် သူတို့ စတင် ဖန်တီးခဲ့သော ဒေသတွင်ပင် ပျောက်ကွယ်နေပြီ ဖြစ်သည်။ သို့သော်လည်း ၁၉၇၀ ခုနှစ်မှ စတင်ပြီး ဥရောပတွင် ရှေးဟောင်း အရှေ့တိုင်း ဂီတကုထုံးသည် ကုသခြင်း နည်းလမ်းအဖြစ် ဖြစ်ပေါ်ခဲ့သည်။ ဤဇာတ်ကားတွင် ဂီတကုထုံး ပညာရှင် ဂဲဟဒ် တုချစ်ခ် (Gerhard Tucek) သည် သူ၏ တပည့်မ ၃ဦး နှင့်အတူ ရှေးဟောင်း ကုသခြင်းများကို စတင်ခဲ့သော ကျန်ရှိနေသေးသည်များကို တွေ့ဆုံရန် ဥဇ်ဘကစ္စတန် နိုင်ငံသို့ ခရီးထွက်ခွါပါသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် တစ်ချိန်တည်းမှာပင် ရှေးဟောင်း အရှေ့တိုင်း ဂီတာကုထုံးအား ၎င်းစတင်ခဲ့သော နေရာများထဲမှ တစ်ခုသို့ သူသည် ယူဆောင်သွားဖြင်းပင် ဖြစ်သည်။

https://memr.moe.edu.mm/video/oriental-music-therapy-on-ancient-trails-in-uzbekistan/

Category

📚
Learning

Recommended