• 4 years ago
လေ နှင့် ရေ ကဲ့သို့ပင် ရေဒီယို ဓါတ်ရောင်ခြည်သည် သဘာဝ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့အား သဘာဝ ရေဒီယိုသတ္တိ၊ နေရောင်ခြည် နှင့် သံလိုက်သတ္တိတို့ဖြင့် ဝန်းရံထားပါသည်။ သို့သော် ရေဒီယို ဓါတ်ရောင်ခြည်သည် မှန်ကန်သော ပမာဏဖြင့် နာကျင်မှူကို ကုသပေးပြီး လျှော့ချပေးနိုင်ပါသည်။ ယခုတွင် ကုထုံးအများစုသည် ရေဒီယို ဓါတ်ရောင်ခြည်၏ ကောင်းသော အကျိုးသက်ရောက်မှူကို အသုံးချပါသည်။ ဂျာမနီ အရှေ့ပိုင်း ဘဒ်ရှလမာ (Bad Schlema) မြို့ရှိ စမ်းရေတွင် ပါဝင်သော ရေဒွန်ဒြပ်စင်သည် ဒူလာပါဒရက် ရောဂါသည်များကို ကုသရာတွင် အောင်မြင်စွာ အသုံးပြုခဲ့ကြပါသည်။ သြစတြီးယား ဘဒ်ဂတ်စ်တိုင်းရှိ လိုဏ်ဂူကြီးထဲရှိ နွေးသောလေသည် ရေဒွန်ဒြပ်စင်နှင့်အတူ ဓါတ်ပြုပြီး သွေးလှည့်ပတ်ခြင်း ပြဿနာများနှင့် နာတာရှည် ခေါင်းကိုက်ခြင်များကို သက်သာမှူ ပေးပါသည်။ ဆွစ်ဇာလန် ဒါးဗို့စ်မြို့ရှိ အာရုံကြော ရောင်အန်းနာကျင်ခြင်း နှင့် ကြမ်းထော်သော အနီအပိမ့်များထသည့် အရေပြားရောဂါ တို့ကဲ့သို့ ရောဂါများကို ကုသပေးရန်အတွက် နေမှ ခရမ်းလွန်ရောင်ခြည်ကို ဆရာဝန်များသည် အားကိုးကြပါသည်။

https://memr.moe.edu.mm/video/radiation-the-invisible-power/

Category

📚
Learning

Recommended