အန်ဒီယမ် ဆေးဆရာ - ကာလဝါရ ဆရာဝန်များ၏ လျှို့ဝှက်ချက်များ

  • 4 years ago
ခေတ်မီဖွံ့ဖြိုးသောလူမူအဖွဲ့အစည်း၏ အစွန်တွင် ဘိုလီဗီးယား အန်ဒီစ် ၏ နှင်းများဖုံးလွမ်းနေသည့် တောင်များအကြား ပုန်းကွယ်နေသော ကာလဝါတောင်ကြားတွင်တည်ရှိသည့် ထိုနေရာသည် တောင်အမေရိကတလျောက်တွင် ၎င်း၏ဆေးဆရာများကြောင့် နာမည်ကျော်ကြားသည်။ သူတို့သည် သူတို့၏အပင်များနှင့် ဆေးဖက်ဝင်ဂုဏ်သတ္တိအကြောင်းကို လေးလေးနက်နက်သိကြသည့်အတွက် ဆေးဝါးလုပ်ငန်းတစ်ခုလုံးသည်ပင် စတင် စိတ်ဝင်စားလာကြသည်။ ကာလဝါရဆေးဆရာများအနက် အောလ်လဲယို အိုထိစ်(Aurelio Ortiz) သည် တစ်ဦးအပါအဝင်ဖြစ်သည်။ ဤဇာတ်လမ်းတွင် ကျွန်တော်တို့သည် သူနှင့်သူ့ ၁၅နှစ်အရွယ်သားလေး ဆယ်လီယို (Cerilo) တို့နှင့်အတူလိုက်ပါပြီး သူတို့ လူနာအိမ်သွားခြင်း၊ ဆေးဉသစ်ဖုတူးခြင်း၊ ရိုးရာဆေးကုသမှုဆောင်ရွက်ခြင်း နှင့် အိမ်နီးချင်း ပီရူးမိုးသို့ ခရီးရှည်ထွက်ခြင်းများပါဝင်မည်။ မာခြူး ပီခြူး (Machu Picchu) ရှိ နေထွက်ရိုးရာ တွင် အင်းဒီယို့စ်လူမျိုးများ အလေးအမြတ်ထားရာ ပီရူးဗီယမ်တောင်(Peruvian Mountain)သည် နတ်ဘုရားများက ဆယ်လီယို ကို သူ၏ဖခင်ဆက်ခံသူအဖြစ် လက်ခံကျသည်ဟု ယုံကြည်ကြသော နေရာဖြစ်သည်။

https://memr.moe.edu.mm/video/the-andean-healer-secrets-of-the-kallawaya-doctors/

Category

📚
Learning

Recommended