ကမ္ဘာ့အမြင့်ဆုံးနာရီစင်

  • 4 years ago
၂၀၀၄ခုနှစ်တွင် ဧရာမဆောက်လုပ်ရေးပရောဂျက်အတွက် အခြေခံအုတ်မြစ်ချခဲ့သည်။ အယ်ဘာဂျ အယ်လ် ဘိတ် မျှော်စင် (Abraj Al Bait Towers) သည် စုစုပေါင်း ကြမ်းခင်း ဧရိယာ စတုရန်းမီတာ ၁.၇သန်းကျော် နှင့် နှစ်စဥ် ဟချ် ဘုရားဖူးသူ ၃သောင်းကျောင်အတွက် နေထိုင်နိုင်သော ဟိုတယ်ပါ၀င်ပြီး ဂုဏ်ယူဝံ့ကြွားရန် ဖြစ်ခဲ့သည်။ ကန်ထရိုက်တာများသည် အစီအစဥ်များကို ဆုံးဖြတ်စီစစ်တည်းဖြတ်ပြီးနောက် အဆောက်အဦး လုပ်ငန်းများ စတင်ခဲ့သည်။ အချက်အချာကျသော မက်ကာ ရွိုယ်ရယ် နာရီစဥ် ဟိုတယ်ကို အမြင့် ၆၀၀မီတာ ထပ်မြှင့်ရန်လိုအပ်ခဲ့သည်။ ကမ္ဘာတွင် အမြင့်ဆုံးနာရီစင်အဖြစ် သတ်မှတ်ခဲ့သည်။ ဤပရောချက်သည် ပြုလုပ်သူတွေအတွက် ကြီးမားသည့်စိန်ခေါ် မှုတစ်ခုဖြစ်ခဲ့ပြီ ၎င်းကို ပြီးစီးရန် ၄နှစ်ကြာအချိန်ယူခဲ့သည်မှာ အံ့သြလေးစွားဖွယ်အပိုင်းအခြားပင်ဖြစ်သည်။ နာရီ၏သေးငယ်သော လက်တံပင် ၂၃မီတာရှည်လျားသည်။ မျက်နှာစာကိုတော့ ၂၄ ကာရက်ရှိသည့် ရွှေရွက် နှင့် LEDsမီးသီး ၂သန်း နှင့်အတူ မိုစနှစ် တိုင်ပေါင်း ၉၈သန်းဖြင့် ဆင်ယင်ထားသည်။ ၎င်းပြီးဆုံးချိန်မှာတော့ ကြီးမားသည့်နာရီစင်သည် အနှိုင်းမဲ့ ဗိသုကာပညာလက်ရာအဖြစ် သံသရရှိစရာမလိုတော့ပေ။ ၎င်းသည် ကမ္ဘာ့မှတ်တမ်း အခု ၃၀ကျော်ကိုလည်းကျော်ဖြတ်နိုင်ခဲ့သည်။

Category

📚
Learning

Recommended