ကမ်းလွန်ပင်လယ်မှ သူရဲကောင်းများ

  • 4 years ago
ဥရောပတိုက် ဟာ ပြန်လည်အားဖြည့်သွင်းတဲ့စွမ်းအင်နည်းပညာမှာ ခေတ်သစ်ကို ကျော်လွန်နေပါပြီ။ စွမ်းအင်ထုတ်လုပ် ဖြန့်ချိသူတွေဟာ ကျယ်ပြောသော လေစွမ်းအင်သုံး စခန်းတွေကို တည်ဆောက်နေပါပီ။ အထူးသဖြင့် မြောက်ပိုင်းပင်လယ်နဲ့ Baltic ပင်လယ်ပြင်တွေမှာပေ့ါ။ ကမ်းလွန်ပြင်က လေ ဟာ အခြားပြန်လည်အာဖြည့်ပေးတဲ့ စွမ်းအင်အရင်းမြစ်တွေထက် ပိုပီး စွမ်းအင်ပိုမို ရနိုင်ပါတယ်။ ထုတ်လုပ်စွမ်းအားအခန်းမှာတော့ လွန်ခဲ့ တဲ့ ဆယ်စုနှစ် က ဆတိုး ကိန်းဂဏန်း ၁၃ အားဖြင့် မြှင့်တက်လာပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ ရေရဟတ်တွေ တည်ဆောက်ခြင်းဟာ စွမ်းအင်လှည့်ထုတ်ခြင်းကို စတင်ရန်ပါ။ လူတွေနဲ့ နည်းပညာပေါ်က များပြားတဲ့လိုအပ်မှုကို နေရာချထားပေးပါတယ်။ ပင်လယ်ပိုင်းဘူမိဗေဒပညာရှင်များ ဟာ ပထမ ဆုံး လုပ်ငန်းကို မစတင်ခင်မှာ အထူးစက်ကရိယာတွေနဲ့ ပင်လယ်ကြမ်းပြင်ကို စစ်ဆေးရပါတယ်။ ရေရဟတ်တိုင်ဆိုင်ထူခြင်းတွေအတွက် ရှုပ်ထွေးသော အသံစမ်းသပ်စနစ်တွေကို ပင်လယ်ရေအောက် သတ္တဝါ လေးတွေကို ကာကွယ်ဖို့ရန် နေရာချထားရပါတယ်။ လွန်စွာကြီးမားတဲ့ ဝန်တင်ကရိန်းတွေကို သယ်ဆောင်ထားတဲ့ တပ်ဆင် သင်္ဘောတွေ ဟာ လွန်စွာကြီးမားတဲ့ စက်ကိရိယာတွေကို သူတို့ရဲ့ အခြေခံအဆင့်ဆောက်လုပ်တပ်ဆင်ခြင်းတွေမှာ စင်တီမီတောင်မှ မလွှဲ တိတိကျကျ နေရာချပေးပါတယ်။ နောက် သူတို့ဟာ ကြမ်းတမ်းတဲ့ ရာသီဥတုမှာလည်း လုပ်ဆောင်နိုင်စွမ်းရှိရပါတယ်။ အလျားလိုက် ကီလိုမီတာ ရာ ချီ တဲ့ ကြိုးများစွာကို ပင်လယ်ကမ်းလွန်ပြင်စခန်းနေရာကနေ ကမ်းခြေထိအောင် င်လယ်ကြမ်းပြင်တလျှောက်ချထားပါတယ်။ ထုတ်လုပ်ထားတဲ့စွမ်းအားတွေကို လျှပ်စစ်စနစ်အဖြစ်ပြောင်းလဲဖို့ လုပ်ဆောင် ပေးတဲ့နေရာထိပေါ့။ နောက်စိန်ခေါ်မှု တခုကတော့ ပြန်လည် အားဖြည့်သွင်းစွမ်းအင်အရင်းမြစ်တွေဟာ ထုတ်လုပ်လိုက်တဲ့အခါ ကြိုတင်ခန့်မှန်းလို့မရပါဘူး။ လျှပ်စစ်စွမ်းအင်စနစ်တွေဟာ အကန့်သတ်မဲ့တဲ့ စွမ်းအင် မျိုးတော့ မရှိ ပါဘူး။ နောက် တခါတည်း နဲ့ လျှပ်စစ် ပမာဏ အများကြီးကို လုပ်ဆောင်နိုင်ခဲ့ မယ်ဆိုရင် အဲဒါဟာ သူတို့ရဲ့ အကန့်သတ်ဆီ ကို တွန်းပို့နိုင်ပါတယ်။ ကမ်းလွန်ပြင်က အထူးလုပ်သားများဟာ ပင်လယ်ပေါ်က ကောင်းမွန်စွာ စမ်းသပ် ဆောင်ရွက်နိုင်မှုရှိတဲ့ လေရဟတ်စခန်းတွေကို ဆောက်လုပ် ပီးတော့ စီမံခန့်ခွဲလုပ်ဆောင်ကြပါတယ်။ ကမ္ဘာမှာ အလုပ် လုပ်ရန် စိတ်လှုပ်ရှား စရာအကောင်းဆုံးနဲ့ စိန်ခေါ်မှုအများဆုံး နေရာတွေထဲက တခု ဖြစ်ပါတယ်။

https://memr.moe.edu.mm/en/video/offshore-heroes/

Category

📚
Learning

Recommended