• 4 years ago
ဆိပ်ကမ်းတွေကိုပိုမို ထိရောက်စွာ အသုံးပြုရန် အတွက် ရေကြောင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီများဟာ ပိုမိုများပြား သော ကွန်တိန်နာ များကို ပိုပိုကြီးမားတဲ့ သင်္ဘောတွေပေါ်မှာ သယ်ယူပို့ဆောင်နေကြပါတယ်။ အကြီးဆုံး သမုဒ္ဒရာကြီးကို သူတို့တွေကိုင်တွယ်စီမံနိုင်မယ်ဆိုရင်တော့ ဆိပ်ကမ်းလုပ်ဆောင်သူတွေဟာ သူတို့ရဲ့ နေရာ တွေကို ချဲ့ထွင်းတည်ဆောက်ခြင်းတွေမှာ ပိုမိုရင်းနှီးမြုပ်နှံလာဖို့ တိုက်တွန်းခံနေရပါတယ်။ ကမ္ဘာတ လွှားပြိုင်ဆိုင်မှုကလည်း ပိုမိုခိုင်မာလာနေပါတယ် အထူးသဖြင့်တော့ နိုင်ငံတကာ ရေကြောင်းသယ်ယူပို့ ဆောင်တဲ့ ဆိပ်ကမ်းတွေပေါ့။ ဒီဆိပ်ကမ်းတွေဟာ ပစ္စည်းတွေကို သင်္ဘောတစီးက တစီး ဆီသို့ ရွေ့ပြောင်း ပေးတဲ့နေရာလေ။ စီးပွားရေးပူးတွဲဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေး အတွက် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး အဖွဲ့စည်းမှ Olaf Merk က တော့ ရေကြောင်းပို့ဆောင်ရေးပညာရှင်တယောက်ပါ။ သူက နိုင်ငံတကာ က ဆိပ်ကမ်းများကို သွားရောက်လည်ပတ်ပီး သူတို့ရဲ့ တာဝန်တွေနဲ့ အနာဂတ် အစီစဥ်တွေ ၊ နည်းဗျူဟာတွေ ကို ဆွေးနွေးပါတယ်။ ဒူဘိုင်းက Jebel Ali ဆိပ်ကမ်းကတော့ ယုံကြည်စွာ နဲ့နေရာတိုးချဲ့ခြင်းတွေ လုပ်ဆောင်နေပါ တယ်။ ဒါပေမယ့် Hamburg လို ကုန်းတွင်းပိုင်း ဆိပ်ကမ်းအတွက်တော့ မြေတိုးချဲ့ခြင်း ကတော့အဖြေမဟုတ်ဘူးလေ။ ဒီလိုအခြေနေမျိုးမှာတော့ အသိဉာဏ်ရှိရှိထိန်းချုပ်ခြင်းနှင့် အလိုလျောက်ထိန်းချုပ် မှုတွေကို တိုးတက်အောင်လုပ်ဆောင်ရတာပေါ့။ Rotterdam ဆိပ်ကမ်း ဟာ ဥရောပ တခွင်မှာ အကြီးဆုံးဆိပ်ကမ်းပါ အဲဒီမှာ ကမ္ဘာရဲ့ ပထမဆုံး အလိုလျောက်ထိန်းချုပ်ရေးစက်တွေ နဲ့ ပြည့်နေတဲ့ နေရာတခုပေါ့။ ပစ္စည်းတွေကို မောင်းသူမဲ့ ထရပ်ကားတွေနဲ့ သိမ်းဆည်ရာနေရာတွေဆီကို ပို့ဆောင်ပေးပါတယ်။ ကွန်တိန်နာ များကို ကွန်ပျူတာကနေ ထိန်ချုပ်ရေး ကရိယာများနဲ့ ကုန်တင်ကုန်ချ ပါတယ်။ ခေတ်သစ်အလုပ်ရုံတွေမှာ လူတွေနည်းသထက်နည်းလာပါတယ် နောက်ပီးတော့ ကျွမ်းကျင် မှုနယ်ပယ်တွေကလည်း လုံးဝပြောင်းလဲနေပါတယ်။ ဒစ်ဂျစ်တယ် နည်းပညာ ဟာ လွန်နှစ်များစွာအကြာ တည်း က ဆိပ်ကမ်းတွေထဲမှာ ဝင်ရောက်နေပါတယ်။ အခု ရွေ့လျားမှုထိန်းချုပ်နိုင်သော ထိရောက် အကျိုးရှိသော စမ်းသပ်မှုတွေနဲ့ ဆောင်ရွက်နေ ပါတယ်။ ဒါဟာဆိုရင် သင်္ဘောကို ကမ္ဘာတလွှားက သမုဒ္ဒရာတွေမှာ မောင်းသူမပါပဲ ထိန်းချုပ်တဲ့ နည်းလမ်းပေါ့။

https://memr.moe.edu.mm/en/video/the-port-of-the-future/

Category

📚
Learning

Recommended