လူ့စွမ်းအင်၏ အရင်းအမြစ် – ကျွန်ုပ်တို့အတွင်းရှိ ဓါတ်အားထုတ်စက်ရုံ

  • 5 years ago
လူသားများသည် စွမ်းအင် အများအပြား အသုံးပြုကြပြီး ကျွန်ုပ်တို့၏ စွမ်းအင်အရင်းအမြစ်များမှာ အချိန်တိုင်း နည်းပါး လာခဲ့သည်။ လူသားများသည် ၎င်းတို့၏ လှုပ်ရှားမှုများမှတဆင့် စွမ်းအင်များကို ထုတ်လုပ် ကြသည်။ သိပ္ပံပညာရှင် များသည် အဆိုပါ စွမ်းအင်များကို အသုံးပြုလိုကြသည်။ လူသားများအား စွမ်းအင် စက်ရုံအဖြစ် အသုံးပြုခြင်းနှင့် လူသားစွမ်းအင်ကို ရွှေ့လျားခြင်းဆိုင်ရာ စွမ်းအင် (kinetic energy) ကဲ့သို့ စုဆောင်းခြင်း အယူအဆကို “စွမ်းအင် ရိတ်သိမ်းမှု” ဟုခေါ်သည်။ တိုလုစ်မြို့မှ အကြံအစည် တစ်ခုမှာ လူသားများ လမ်းလျှောက်ရာမှ ရရှိလာသော လျှပ်စစ် ဓာတ်အားဖြင့် လမ်းမီးများကို အလင်းပေးရန် ဖြစ် သည်။ အဆိုပါ ခြေလှမ်းများမှ ရရှိလာသော သဘာဝဖြစ် စွမ်းအင်ကို လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲ ပစ်ရန် ရည်ရွယ် ထားခြင်းဖြစ်သည်။ စတော့ခ်ဟုမ်းရှိ ပံ့ပိုးမှုဆိုင်ရာ စီမံခန့်ခွဲသူများ သည် ရထားစီးသူများ၏ ခန္ဓာကိုယ် အပူချိန်ကို ၎င်းတို့ရုံးခန်းအား အပူပေးရန် အသုံးပြုသည်။ လူသားများ၏ မစင်မှပင် စွမ်းအင်ကို ထုတ်လုပ်နိုင်သည်။ ဂျာမနီနိုင်ငံ ဘော့ထရော့ပ် (Bottrop) တွင် မိလ္လာလုပ်ငန်းကို အညစ်အကြေးမှ ထုတ် လုပ်သော ဓာတ်ငွေ့ (Biogas) နှင့် လောင်စာများကို ထုတ်လုပ်ရန် အသုံးပြုသည်။ ကမ္ဘာကြီး၏ ကြီးမားသော စွမ်းအင် ပြသနာကို အဆိုပါ “စွမ်းအင် ရိတ်သိမ်းမှု” တစ်ခုတည်းဖြင့် ဖြေရှင်ပေးနိုင်မည် မဟုတ်သော်လည်း ၎င်းတို့သည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေခြင်းနှင့် အလွန်အန္တရာယ်များသော နည်းပညာများအား မှီခိုခြင်းမှ ကင်းဝေးစေရန် ခြေလှမ်းတစ်လှမ်းပင်ဖြစ်သည်။

https://memr.moe.edu.mm/en/video/the-source-of-human-energy-a-power-plant-within-us-all/

Category

📚
Learning

Recommended