ခွဲခန်းဓါးနှင့် စက်ရုပ် – အနာဂတ်ရဲ့ ခွဲစိတ်ခန်း?

  • 5 years ago
ခေတ်သစ် ခွဲစိတ်ခန်းများတွင် ခွဲစိတ်ခန်းသုံးစက်ရုပ်များကို အကူအဖြစ် ကျယ်ပြန့်စွာ အသုံးပြုနေပြီး ဖြစ်သည်။ အင်ဂျင်နီယာများသည် ယခုထက်ပိုမိုပြီး ကွဲပြား၊ ရှူပ်ထွေးသော လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်သော စနစ်များကို တီထွင်ရန်အတွက် လုပ်ဆောင်နေလျက်ရှိသည်။ စက်ပစ္စည်း မျိုးဆက်သစ်များသည် ခွဲစိတ်ခန်း လုပ်ထုံးလုပ်နည်းများကို ခွဲစိတ်ဆရာဝန်များထက် ပို၍ ကောင်းမွန်ပြီး ပို၍ တိကျစွာ ၎င်းတို့ဘာသာ ညွှန်ကြားနိုင်လိမ့်မည်။ သုတေသီများအနေဖြင့် မကြာမီအချိန်တွင် စက်ရုပ်များသည် စက်ဖြင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်ပေး၍ နှလုံးခွဲစိတ်နည်း (သို့) သွေးကြောများမှတဆင့် အလွန်သေးနုတ်လှသော ခွဲစိတ်မှူများကို ပြုလုပ်မည်ဟု မျှော်လင့်ထားသည်။ ပညာရှင်းအများစုသည် ထိုစိတ်ဝင်စားဖွယ်ကောင်းသော စီစဉ်ဆောင်ရွက်ဆဲ ဖွံ့ဖြိုးတိုးတက်မှူများသည် ဆေးပညာလောကတွင် နယ်ပယ်အသစ် ပေးခြင်း နှင့် ခွဲစိတ်ခန်းလုပ်ငန်းများကို ပြောင်းလဲပစ်နိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြသည်။

https://memr.moe.edu.mm/en/video/robots-with-scalpels-the-operating-theater-of-the-future/

Category

📚
Learning

Recommended